News

ရွာငံမြို့နယ်အစပ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၁၀) ဦး သေဆုံး

ရွာငံမြို့နယ်အစပ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၁၀) ဦး သေဆုံး

RNA_အောက်တိုဘာ(၂၁)၊၂၀၂၆ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း သာစည်မြို့နယ်အစပ်၌ စစ်အုပ်စုနှင့် ဓနုလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၁၀) ဦး သေဆုံးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က ထုတ်ပြန်ထားသည်။ အောက်တိုဘာ (၁၆) ရက် နံနက် (၆) နာရီဝန်းကျင်က အင်အား (၅၀) ဝန်းကျင်ပါ စစ်အုပ်စုစစ်ကြောင်းနှင့် DSNDA တပ်ဖွဲ့တို့ (၁) နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲအတွင်း သေဆုံးအလောင်းများနှင့်အတူ MA1 သေနတ် (၁) လက်၊ MA3 သေနတ် (၁) လက်၊…
Read More
ပလက်ဝကို စစ်အုပ်စုဗုံးအလုံးရေ (၁၀၀) ကျော် ကြဲတိုက်ခိုက်၊ (၆)လသား ကလေးငယ်အပါအဝင် (၉) ဦး သေဆုံး

ပလက်ဝကို စစ်အုပ်စုဗုံးအလုံးရေ (၁၀၀) ကျော် ကြဲတိုက်ခိုက်၊ (၆)လသား ကလေးငယ်အပါအဝင် (၉) ဦး သေဆုံး

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံရွာနှင့် လုံးတူ-တွီစပ်လမ်းခွဲနေရာတို့ကို စစ်အုပ်စုက (၂) ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး (၅) ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော် (CPA) က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့၌ စစ်အုပ်စုနှင့် ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုက ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၆) လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၁၈ - ၁၉ ရက်က ဒိုင်ရ်ဒေသ…
Read More
မူးယစ်ဆေးဖြင့် လုပ်ကြံအမှုဆင်ဖမ်းဆီးခံရသည့် စစ်မှုထမ်းစုဆောင်းခံရသူ AA တပ်တော်ထံ အလင်းဝင်ရောက်

မူးယစ်ဆေးဖြင့် လုပ်ကြံအမှုဆင်ဖမ်းဆီးခံရသည့် စစ်မှုထမ်းစုဆောင်းခံရသူ AA တပ်တော်ထံ အလင်းဝင်ရောက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်မှ အမျိုးသားတစ်ဦး အလုပ်မှပြန်လာချိန် စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခံခဲ့ရကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံခဲ့ရကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်သူတစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တိုက်ပွဲများအတွင်း စခန်းစွန့်ခွာထွက်ပြေးလာပြီး AA တပ်တော်ထံ အလင်းဝင်ခဲ့သည့် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) လက်အောက်ခံ အမှတ် (၂၁၈) ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် (၂) ဦးနှင့်ပတ်သက်၍ AA တပ်တော်က ယနေ့ (အောက်တိုဘာ ၂၀ ရက်) သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းမှ အဓမ္မ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူသည် ၂၀၂၆…
Read More
လူမှုကူညီရေးလုပ်ငန်းများ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်ပါက အရေးယူမည်ဟု ချောင်းဦး ပအဖ ထုတ်ပြန်

လူမှုကူညီရေးလုပ်ငန်းများ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်ပါက အရေးယူမည်ဟု ချောင်းဦး ပအဖ ထုတ်ပြန်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ဒေသခံပြည်သူများအား အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ခွင့်ပြုချက်မရယူဘဲ လုပ်ကိုင်ဆောင်ရွက်ပါက အရေးယူသွားမည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။ ဒေသခံပြည်သူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း (CSO) များအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုချက်ရယူမည်ဟု ဆိုသည်။ ဒေသခံပြည်သူများအား အကူအညီပေးနေသည့် NGO များနှင့် CSO များကို ကျေးဇူးတင်ကြောင်း ချောင်းဦး ပအဖက ပြောကြားထားပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ…
Read More
ချင်းမိုင်ဘူတာရုံ၌ အထောက်အထားမဲ့ မြန်မာများအပါအဝင် (၃၅) ဦး ဖမ်းဆီးခံရ

ချင်းမိုင်ဘူတာရုံ၌ အထောက်အထားမဲ့ မြန်မာများအပါအဝင် (၃၅) ဦး ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဘူတာရုံ၌ အထောက်အထားမဲ့ တရုတ်နှင့် မြန်မာနိုင်ငံသား (၂၉) ဦးကို ထိုင်းနိုင်ငံသား (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ချင်းမိုင်ပို့စ်က ဖော်ပြထားသည်။ အောက်တိုဘာ (၁၉) ရက် နံနက် (၆) နာရီဝန်းကျင်က ချင်းမိုင်မြို့ Wat Ket ရပ်ကွက်ရှိ တူဘာရုံအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ချိန် နိုင်ငံတွင်း အထောက်အထားမဲ့ နေထိုင်သူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ထိုင်းအာဏာပိုင် ဖမ်းဆီးရမိခဲ့သူများထဲတွင် မြန်မာ (၂၇) ဦးပါဝင်ခဲ့ပြီး ၎င်းတို့ထဲတွင် နိုင်ငံတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေသူများ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အထောက်အထားမဲ့…
Read More
အင်္ဂလန် ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာအုပ်နှင့် သံတမန်အိတ်ပိတ်စာ (၂) စောင် ပေးပို့

အင်္ဂလန် ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာအုပ်နှင့် သံတမန်အိတ်ပိတ်စာ (၂) စောင် ပေးပို့

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အင်္ဂလန်နိုင်ငံ တတိယမြောက် ချားလ်ဘုရင်က စာအုပ်နှင့် သံတမန်အိတ်ပိတ်စာများ ပေးပို့ခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။ တတိယမြောက် ချားလ်ဘုရင် ဖိလစ်အာသာဂျော့ချ် (Charles Philip Arthur George) က ဒေါ်အောင်ဆန်းစုကြည်ထံ The Land Garderners – Soil to Table နှင့် Soil: The World at Our Feet စာအုပ် (၂) အုပ်အပါအဝင် အိတ်ပိတ်စာအိတ် (၁) အိတ်၊ သံတမန်အိတ်ပိတ်စာတို့ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ထံ…
Read More
စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

■ ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်တို့ကို စစ်အုပ်ချုပ်ရေး ပယ်ဖျက် RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအပါအဝင် တိုင်းနှင့် ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ရက်ပေါင်း (၉၀) ထပ်တိုးကြောင်း အောက်တိုဘာ (၁၈) ရက်တွင် စစ်အုပ်စုက ထုတ်ပြန်လာသည်။ စစ်အုပ်စုချုပ်ရေးသက်တမ်းထပ်တိုးထာသည့် မြို့နယ်များတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များလည်းပါဝင်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးမတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်၊ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ်တို့လည်း ပါဝင်နေသည်။ UWSA နှင့် NDAA တို့သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေသည့် အဖွဲ့များလည်း…
Read More
ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန္ဒပြမှုများ ကြုံတွေ့နေရပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများသည် ပိုမိုမြင့်လာနေသည်။ အောက်တိုဘာ (၁၇-၁၈) ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း (၂၄၀၀) ကျော်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်များဖြင့် ဆန္ဒပြမှုများသည် ယခု အောက်တိုဘာလဆန်းပိုင်းကတည်းက အရှိန်မြင့်တက်လာပြီးနောက် ပါရီ၊ မာဆေးလ်နှင့် လိုင်ယွန်မြို့များသို့လည်း ဆန္ဒပြပွဲများ ကူးစက်သွားကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်မှု အခြေအနေ ဆိုးရွာနေခြင်း ဖြစ်သည်။ အောက်တိုဘာ (၁၇) ရက်က ဆန္ဒပြပွဲများ၌ စူပါးမားကတ်များနှင့် စတိုးဆိုင်များ ဖျက်ဆီးခံရပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကိုလည်း…
Read More
စစ်အုပ်စုနှင့်ပူးပေါင်းသွားသည့် လီဆူတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ် ဖိနှိပ်မှုလုပ်ဆောင်ပါက အရေးယူမည်ဟု TNLA ပြော

စစ်အုပ်စုနှင့်ပူးပေါင်းသွားသည့် လီဆူတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ် ဖိနှိပ်မှုလုပ်ဆောင်ပါက အရေးယူမည်ဟု TNLA ပြော

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ် မန္တလေးတိုင်း မိုးကုတ်မြို့၌ လုံခြုံရေးတာဝန်ယူခဲ့သည့် လီဆူလက်နက်ကိုင်တပ်ဖွဲ့ဝင်များ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်မှုသည် တပ်ဖွ့ဝင်တိုင်း လိုက်နာရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်လာသည်။ ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်သည် လက်နက်ခဲယမ်း (၅၀) ဝန်းကျင်နှင့်အတူ အောက်တိုဘာ (၁၃) ရက်က မြန်မာစစ်ကောင်စီ (စစ်အုပ်စု) ထံ ဘက်ပြောင်းဝင်ရောက်သွားခြင်းကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့အစည်းနှင့် ကင်းကွာသွားပြီးဖြစ်ကြောင်း အသိပေးထားသည်။ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရာက်သွားသည့် လီဆူတပ်ဖွဲ့၏ လှုပ်ရှားမှုများကို PSLF/TNLA က အမြဲမပြတ် စောင့်ကြည့်သွားမည်ဟု ပြောကြားထားပြီး ပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ…
Read More
မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

NA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်း စီမံချက်ဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ချိန် အထောက်အထားမဲ့ မြန်မာများအပါအဝင် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ဆောင်သူများနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်း၌ အရုဏ်ဦးစစ်ဆင်ရေး စီမံချက်ဖြင့် တရားမဝင် နေထိုင်သူများနှင့် ရာဇဝတ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ချိန် မူးယစ်ဆေးဝါးနှင့် လက်နက်များအပြင် အခြားနိုင်ငံခြားသားများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ (၈) ဦးကို ၎င်းတို့နှင့်အတူ ယာဘဆေးပြား (၂၀) ပြားနှင့် ဘိန်းဖြူ (၉ ဒသမ ၃၁) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်နှင့်…
Read More