28
Nov
RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ရခိုင်ပြည်နှင့် ကရင်နီပြည်အတွင်းမှ ပြည်သူ (၃၀) ဦးထက်မနည်းသေဆုံးပြီး ပြည်သူ (၄၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်ကို ယနေ့ ညနေ ၄ နာရီ ၅ မိနစ်ခန့်က လေကြောင်းဗုံးကြဲခဲ့သည့်အတွက် ပြည်သူ (၉) ဦးသေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည့်အပြင် မြို့သစ်ရပ်ကွက်နှင့် ကပ်လျက် အောင်မင်္ဂလာရပ်ကွက်ကို ဒုတိယအကြိမ်အဖြစ် လေကြောင်းဗုံးကြဲခဲ့သည့်အတွက် ပြည်သူ (၁၀) ဦးကျော်သေဆုံးပြီး (၂၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိထားရကြောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။ (more…)