12
Oct
RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ သမိုင်းဝင် မဟာစည်ဘုန်းကြီးကျောင်းအား စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၂) ဦး သေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ (၁၁) ရက်တွင် ထုတ်ပြန်ထားသည်။ မဟာစည်ဆရာတော်ဘုရား သီတင်းသုံးခဲ့သည့် ဆိပ်ခွန်ရွာရှိ ဘုန်းကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ အောက်တိုဘာ (၁၁) ရက် နံနက် (၁၁) နာရီ (၄၀) မိနစ်ဝန်းကျင်၌ ဥပုသ်သီလယူနေချိန် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆိပ်ခွန်ရွာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက မဟာစည်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး…