Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် ကျဆုံး

    ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် ကျဆုံး

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ် သီတင်းကျွတ်လပြည့်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရချိန် ဒဏ်ရာရရှိခဲ့သော ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်သည် အောက်တိုဘာ (၉) ရက်နေ့ နံနက် (၃) နာရီခန့်က ကျဆုံးခဲ့ရပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုမှ အောက်တိုဘာ (၆) ရက်နေ့ (သီတင်းကျွတ်လပြည်နေ့ည) ည (၇:၃၀) နာရီဝန်းကျင်ခန့်တွင် ပါရာမော်တာ စက်တပ်လေထီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၂၂) ဦးထက်မနည်း ကျဆုံးခဲ့ပြီး (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် အပြင်းအထန် ဒဏ်ရာရသူများလည်းရှိပြီး ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့်နောက်ဆက််တွဲ ကျဆုံးမှုများလည်းရှိကြောင်း BLDF ကထုတ်ပြန်ထားသည်။

    (more…)

  • သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

    သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

    RNA_အောက်တိုဘာ(၈)၊ ၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ မူလတန်းကျောင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်) ညပိုင်း အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ပြည်သူ့ဆန္ဒထုတ်ဖော်နေသည့် ချောင်းဦးဒေသခံများ လေကြောင်းတိုက်ခိုက်ခံရပြီး သပိတ်ဦးဆောင်ကော်မတီမှ အမျိုးသားလူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် (၄၀) ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကလာသည့် စစ်အုပ်စု၏ Paramotor ဖြင့် ပထမ အကြမ်တွင် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသနေသည့် ည ၁၁ တွင် Paramotor ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကို စာသင်ကျောင်းပေါ်တည့်တည့် ထပ်မံ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

    ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာနေ ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဟုမှားယွင်းသတ်ဖြတ်မိသည့်အပေါ် မိသားစုကို ဝန်ချတောင်းပန်ထားသည့်အပြင် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါကလည်း တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ZERO- ရဲ့ – သမိုင်းမှတ်တမ်း ( ၄ )အတွက် ရေးတင်ထားသည့် ယနေ့ (စက်တင်ဘာ ၂၂ ရက်) Facebook Post တွင် ပြောကြားထားသည်။
    “စစ်ကိုင်းနယ်မြေအတွင်းအင်အားဖြည့်ရှင်းလင်းရေး အကူဆောင်ရွက်ရင်း စာရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအား မှားယွင်းစွာကျူးလွန်ခဲ့ပါတယ် ( အကျယ်တဝံ့ရှင်းမပြတော့ပါဘူး၊ နယ်မြေခံတွေအားလုံးသိထားတဲ့ ဖြစ်စဉ်တစ်ခုမို့ပါ ကျနော်က ဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ၊ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့်ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ၊ဘယ်သူ ဘယ်ဝါကျနော်ညီတွေမသိခဲ့ပါဘူး) ၊သေချာစီစစ်ပြီး – နစ်နာခဲ့သောမိသားစုဝင်များအားနယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း — ခုဖြစ်စဉ်အတွက်နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲဆိုမည်ဆိုလည်း ကျနော့်အဖွဲ့အတွက်တာဝန်ယူပြီး ထိုက်သင့်တဲ့အပစ်ပေးအရေးယူမူ့ခံယူနိုင်တဲ့အကြောင်း ၎င်းဖြစ်စဉ်အားတာဝန်ခံ၊တာဝန်ယူခဲ့ပါတယ်၊ တောင်းပန်မူ့အတွက်မိသားစုလည်းလိုက်လှဲစွာကြိုဆိုခဲ့ပါတယ်” ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက လူမှုကွန်ရက်မှာ ပြောကြားထားသည်။
    ဦးမြင့်ဆန်း (အသက် ၆၅ နှစ်)သည် အကြမ်းဖက်စစ်တပ်ရန်ကြောင့် မလဲသာရွာမှ ၂ မိုင်ခန့်ကွာဝေးသည့် ကျေးရွာ တစ်ရွာတွင် တိမ်းရှောင်နေစဉ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဦးမြင့်ဆန်းသည် မြင့်ဆန်း (မလဲသာ) ကလောင်ဖြင့် ကဗျာများရေးသားပြီး မလဲသာ စာကြည့်တိုက်တည်ထောင်သူ၊ သစ်ပင်စိုက်လှုပ်ရှားမှု၊ အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုစသည့် လူမှုရေးလုပ်ငန်းများကြောင့် ရပ်ရွာလေးစားခံရသူဖြစ်ကြောင်း သိရသည်။
    ဦးမြင့်ဆန်းသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မဖြစ်ခင်က ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများတက်ကြွလှုပ်ရှားသူဖြစ်သည်ဟုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က စစ်ကိုင်းတိုင်းအတွင်းရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က သတင်းထုတ်ပြန်ကာ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအားလုံးက ဦးမြင့်ဆန်း၏ ကျန်ရစ်သူမိသားစုကို ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန် တောင်းဆိုထားသည်။
    မှားယွင်းသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားသော ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး ရေးသားထားသည့် စာတွင်လည်း “MOD ရဲ့အထက်တာဝန်ရှိသူကိုလည်းထိုဖြစ်စဉ်တင်ပြပေးခဲ့ပါတယ် ( မှားရင် မှားတဲ့အကြောင်း ခုလိုလက်နက်ကိုင်အဖွဲ့အနေနဲ့တောင်းပန်မူ့ဟာ သတ္တိတစ်ခုလိုကျနော်ယူဆပါတယ်)၊ ကျန်ရစ်သူမိသားစုဟာ ခုချိန်မိတ်ဆွေရင်းပမာဆက်ဆံရေးရှိနေခဲ့ပါတယ်၊ ကျေးဇူးလည်းတင်ရှိရပါတယ်” ဟုပါရှိသည်။
    စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလအစပိုင်းနှင့် ၂၀၂၂ ခုနှစ် လက်နက်ကိုင်တပ်ဖွဲ့များအားကောင်းစအချိန်တွင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ပါက လက်နက်ကိုင်တစ်ချို့သည် ဒလန်ဟုစွပ်စွဲသတ်ဖြတ်မှုများ၊ မှားယွင်းသတ်ဖြတ်မှုများနှင့် တော်လှန်ရေးနှင့်မဆိုင်သည့် လူသတ်မှုများဖြစ်ပွားခဲ့သည်။ မှားယွင်းသတ်ဖြတ်မှုနှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သည့်အတွက် ဒလန်စွပ်စွဲသတ်ဖြတ်မှုများကို ဒေသတွင်းတော်လှန်ရေးအင်အားစုအချင်းချင်းသိသော်လည်း တရားဝင်ပြောကြား ထုတ်ဖော်ခြင်းများ မရှိသလောက်ဖြစ်သည်။
    #RedNewsAgency #RNA #REDNEWS
  • အာရက္ခတပ်တော်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်မည်

    အာရက္ခတပ်တော်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်မည်

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။

    ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF-Daai ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်း၊ လက်နက်ခဲယမ်း၊ ရိက္ခာထောက်ပံ့ခြင်းနှင့် ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံများရရှိရန် လက်တွဲခေါ်ဆောင်ခြင်းတို့ဖြင့် ကူညီပေးသော အာရက္ခတပ်တော် -AA အာလဖာ (၃) စစ်သေသကို အထူးကျေးဇူးတင်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမည်ဟု CDF-Daai က ထုတ်ပြန်ထားသည်။

    (more…)

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ခဲ့ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ အကြမ်းဖက်စစ်ကော်မရှင်တပ်လက်အောက်ခံများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သိရသည်။

    (more…)

  • ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ

    ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ

    RNA_စက်တင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။
    အာရက္ခပြည်၊ မောင်တော့မြို့ရှိ ရိုဟင်ဂျာများနှင့် အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံကာ စက်တင်ဘာ (၁၂) ရက်နေ့က ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော မောင်တောဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု Arankan Princess Media က သတင်းထုတ်ထားသည်။

    (more…)

  • တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးဖမ်းဆီးရမိ

    တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးဖမ်းဆီးရမိ

    RNA_စက်တင်ဘာ(၁၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလောင်း (၄) လောင်းနှင့်အတူ လက်နက် (၅) လက်လည်း သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။

    အကြမ်းဖက် စစ်ကော်မရှင်တပ်လက်အောက်ခံ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့်စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာ (၂) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    (more…)

  • မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”

    မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”

    “စစ်ရာဇဝတ်မှုတွေကြားက စစ်ဘေးရှောင်တွေ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက မြန်မာပြည်သူတို့အသံ ကမ္ဘာက ကြားပါစေ”

    ရန်နိုင်

    စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းအရပ်သား သုံးသန်းကျော်နစ်နာနေတယ်လို့ UN ရဲ့ ၂၀၂၄ မတ်လထုတ် အစီရင်ခံစာက ထုတ်ပြန်ထားတယ်။ အဆိုးရွားဆုံးထိခိုက်ခံစားရတဲ့လူမျိုးစုက ရခိုင်ဒေသမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေပါလို့ ကမ္ဘာတဝန်းကသိခဲ့ကြတယ်။ အနစ်နာဆုံးလူမျိုးစု ဖြစ်တာကြောင့် လိုအပ်တဲ့ အထောက်အပံ့တွေ UN ဆီက အများအပြားရရှိခဲ့တယ်။

    ရခိုင်ပြည်နယ်က မွတ်စလင် လူမျိုးစုတွေအပြင် ဒီကနေ့ တနိုင်ငံလုံးက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း နစ်နာသူ လူမျိုးစုတွေအဖြစ် ကမ္ဘာတဝန်းက သိရှိသွားဖို့လိုပါတယ်။ စစ်တပ်ဗုံးကြဲလို့ ကျေးရွာအချို့မရှိတော့တဲ့ စစ်ကိုင်းတိုင်းက ပဇီကြီးရွာဖြစ်စဉ်လို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ အနီးကပ် ပစ်တာကိုခံလိုက်ရလို့ သေဆုံးသွားကြတဲ့ ပြည်သူ ၁၇၀ ကျော်ရဲ့ နစ်နာရတဲ့အဖြစ်တွေကိုလည်း ကမ္ဘာတဝန်းက သိသွားဖို့လို နေပါပြီ။

    (more…)

  • ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော

    ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော

    RNA_စက်တင်ဘာ(၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အခြေစိုက်၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကပြောကြားထားသည်။

    BNRA သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့ စက်တင်ဘာ (၉) သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် KNU ကသဝဏ်လွှာပေးပို့ရာတွင် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားထားဖြစ်သည်။

    (more…)

  • လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက (၁၁) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်

    လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက (၁၁) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်

    RNA_စက်တင်ဘာ(၈)၊၂၀၂၅ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ကျေးရွာစာသင်ကျောင်း အနောက်တောင်ဘက်ရှိ ကန်ဘောင်ပေါ်တွင် စက်တင်ဘာ (၅) ရက်နေ့ နံနက် (၉) နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင် မျိုးကိုသည် အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ် မရတနာ (အမည်လွှဲ) အား အလိုမတူပဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
     
    ၁၁ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သည့် မျိုးကိုသည် ရွာသာကြီး လင်းမြွေ ဦးဆောင်သော (Local) အဖွဲ့ဝင်ဖြစ်ကြောင်း၊ နံနက်စာ သွားဝယ်ချိန် ယူနီဖောင်းဝတ်ဆင် သေနတ်ကိုင်ထားပြီး အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    (more…)