သတင်း

ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဧပြီ(၂၅)၊၂၀၂၃ ခုနှစ်။   ရှမ်း- ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် ဧပြီလ (၂၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KnIC ကယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့က မြောက်စလုံးကျေးရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသည့်စာရင်းကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း KNDF Bo- 11 မှရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း၊ KNDF၊ KA နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက်၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (CDF-Mindat) ရဲဘော်များမှ (၂) နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (၄၅၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း CDF-Mindat ရဲဘော် (၅၅) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   မင်းတပ်ပြည်သူများသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူမဲ့သပိတ်ပြုလုပ်နေသည့် ပြည်သူ (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစပြီး မင်းတပ်ပြည်သူများသည် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့သည်မှာ…
Read More
စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

RNA_ဧပြီ(၂၄)၊ ၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြောင်း သိရသည်။   ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် ဧပြီလ (၂၁) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဝင်ရောင်စဉ် စစ်ကောင်စီတပ်သားများနှင့် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
စစ်ကောင်စီတပ် ဗိုလ်မှူးအသတ်ခံခဲ့ရသည့် KTV ရှေ့လမ်းတွင် KPDF တစ်ဦးနှင့် အရပ်သားတဦးကို ပစ်သတ်ခံရ

စစ်ကောင်စီတပ် ဗိုလ်မှူးအသတ်ခံခဲ့ရသည့် KTV ရှေ့လမ်းတွင် KPDF တစ်ဦးနှင့် အရပ်သားတဦးကို ပစ်သတ်ခံရ

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် စစ်ကောင်စီတပ် ဗိုလ်မှူးနှင့်အပေါင်းအပါများ ပစ်ခတ်ခံရမှုကို လက်စားချေသည့်အနေဖြင့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက် ( ဧပြီလ ၂၄ ရက်) စောစောပိုင်းက Happy KTV ရှေ့အဝင်လမ်းရှေ့တွင် KPDF ရဲဘော်တဦးနှင့် အရပ်သားတဦးကို ပစ်ခတ်သတ်ဖြတ်ထားကြောာင်း သိရသည်။   စစ်ကောင်စီတပ်၏ ပစ်သတ်ခံရသူများထဲတွင် ကိုအောင်ကြည်မင်း (ခ) ဆိုင်ကလုံး (အသက်(၂၅)နှစ်) နှင့် KPDF အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ လမ်းမပေါ်တွင် ပစ်ခတ်ခံရသူ (၂) ဦးကို ဖေဖော်ဝါရီ (၁၃)ရက်နေ့ည (၁၂)နာရီခန့်က လုံးခင်းကျေးရွာဘက်မှ မဇွပ်ယန်ကျေးရွာဘက်အလာတွင် စစ်ကောင်စီတပ်နှင့်တွေ့ပြီး အဖမ်းခံခဲ့ရသူဖြစ်ကြောင်း သိရသည်။…
Read More
အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ "၂၃.၄.၂၀၂၃ (တနင်္ဂနွနေ့) ည ၁၀ နာရီ ၄၂ မိနစ်နှင့် ၁၀ နာရီ ၄၇ မိနစ်တွင် အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထပ်မံ၍ ယင်းနေရာအနီး ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပိတ်ဆို့စစ်ဆေး‌နေချိန် ၁၁နာရီ ၄၂ မိနစ်တွင် ဖျက်အားပြင်း အဝေးထိန်းမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားအများအပြား ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအ‌ရေအတွက်များနိုင်ကြောင်း သိရပါသည်"…
Read More
စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား ယနေ့ နံနက် (၄) နာရီ (၃၀) မိနစ်ခန့်က စတင်တိုက်ခိုက်ကာ နံနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးထွက်ပြေးသွားကြောင်း၊ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊…
Read More
စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည် (ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဗုံးကြဲခဲ့သည့်အတွက် ဆေးရုံတခုလုံး ပျက်စီးသွားသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။   #RedNewsAgency
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ KNU တပ်မဟာ(၃) နယ်‌မြေ မူး(မုန်း)မြို့နယ်ရှိ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေဆုံးသည့် သိမ်းတိုက်ပွဲတွင် KNLA နှင့်အတူ Royal Peacock Column ပူးပေါင်းစစ်ကြောင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ(၃) နယ်‌မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းတိုကို အပြီးတိုင် မချေမှုန်းနိုင်သော်လည်း လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတို့ကို ဖျက်ဆီးနိုင်သည်အထိ ချေမှုန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။   "မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား…
Read More
ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - Khayan) ရဲဘော် (၆) ဦး ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ကွင်းဆက်များလိုက်ကာ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။ "ရဲဘော်ခြောက်ဦးသည် (၂၂.၄.၂၀၂၃) ရက်နေ့တွင် မတော်တဆ အကြမ်းဖက်စစ်ကောင်စီလက်သို့ ဖမ်းဆီးခံခဲ့ရပါသည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကိုလိုက်ဖမ်းဆီးမှုများ၊ မြို့နေပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ရဲဘော်များ၏ဖုန်းများဖြင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်" ဟု PDF - Khayan မှ ယနေ့ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More