စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။

“လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

#RedNewsAgency

By Editor