သတင်း

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (more…)
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ   RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People's Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
မြို့ပြပြောက်ကြားအထူးစစ်ဆင်ရေးနှင့်ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲ

မြို့ပြပြောက်ကြားအထူးစစ်ဆင်ရေးနှင့်ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲ

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ တောင်ပိုင်းတိုင်းစစ်ဒေသ တနေရာတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း သင်တန်းမှူးနှင့် KNU တပ်မဟာ (၆) သင်တန်းဆရာများ သင်ကြားပေးသည့် မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးနှင့် ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကအောင်မြင်စွာပြီးစီးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ (၁) မှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။ တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။ (more…)
Read More
TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ TNLA တပ်မဟာ (၂) စစ်ဒေသတွင် ယမန်နေ့ နံနက် (၇) နာရီ (၃၀) မိနစ် ဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။ လားရှိုးအခြေစိုက် စစ်ကောင်စီတပ် စကခ(၁၆) ၊ ခလရ (၆၈)မှ အင်အား (၆၀)ဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ တိုက်လေ ယာဉ် (၁) စီးနှင့် ဟတ်စကီး (၁) စီး၊ လက်နက်ကြီးများဖြင့်ပါ…
Read More