သတင်း

KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။ Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (more…)
Read More
မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။ (more…)
Read More
KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ (more…)
Read More
မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွရောက်စဉ် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေမအတွင်း ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင် ဧပြီလ (၁၁) ရက်နေ့က မိုင်းဘုန်းဆရာတော်၏ ယာဉ်တန်း ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့ (၁၈) ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀)ကျော်သေဆုံးခဲ့ကြောင်း ယနေ့ KNDF က ထုတ်ပြန်ထားသည်။   ဒေါညေးခူကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ…
Read More
NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။ ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ.အ.ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ.အ.ဖ ရဲဘော် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၈) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF…
Read More
စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။   ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး "NUG အလိုမရှိ"ဟု အော်ခိုင်းကြောင်း သိရသည်။   "စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ "NUG အလိုမရှိ"လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်"ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသော ငြိမ်းဇာနည်တပ်စခန်းအား မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော်စောလေး ကျဆုံးခဲ့ရကြောင်း သိရသည်။   ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်မည့် အခြေအနေရောက်ရှိခဲ့သော်လည်း ရဲဘော်တဦးကျဆုံးပြီး ခဲယမ်း အင်အား မလုံလောက်သည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ကြောင်း MBT က ထုတ်ပြန်ထားသည်။ (more…)
Read More
ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး   RNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။   မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀ ခန့်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊…
Read More
ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ ယနေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် (၅) ဦးကျဆုံးပြီး၊ ပြည်သူ (၅) ဦးဖမ်းဆီးခံရကာ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။   "မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ( ၁) ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော် (၄) ရဲဘော်ကိုနောင် (၅) ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရသလို ဒေသခံ အမျိုးသားပြည်သူ (၅) ဦး…
Read More