ဂါဇာ

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။ "တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း…
Read More
ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

မောင်လူအေး(လှည်းတန်း)/အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ပါလက်စတိုင်းများကိုထောက်ခံသည့် ထိုင်းနိုင်ငံရှိ ရာချီသည့် မွတ်စလင်လူထုက ဘန်ကောက်ရှိ အစ္စရေးသံရုံးရှေ့မှာ စုဝေးကြပြီး  အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းစေဖို့နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ယနေ့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံရှိ ရှီးယားမွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က ဦးဆောင်ပြီး ဂါဇာကမ်းမြောင်မှာ အစွန်းရောက်လူမျိုးရေးခွဲခြားမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ (more…)
Read More
ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။ ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။ Ref : AP Red News Agency
Read More