မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

မောင်လူအေး(လှည်းတန်း)၊RNA_ဒီဇင်ဘာ(၄)၊၂၀၂၃ခုနှစ်။

မြန်မာနိုင်ငံမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက လက်ခံရန် စစ်ရှောင်စခန်းများ ဖွင့်လှစ်တည်ဆောက်ထားဖို့ အသင့်စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားထားသည်။

“ဒီဇင်ဘာ ၄ ရက်မှာ ပြည်တွင်းအစည်းအဝေး ကျင်းပပါမယ်၊ မြန်မာစစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချပါမယ်၊ မြန်မာအရေးနဲ့ပတ်သက် လို့ အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးတည်ဆောက်ကြဖို့ နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ပြောသည်။

မြန်မာစစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်စေသည့် အရပ်သား၊ တိုက်ခိုက်ရေးသမားမခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်း နိုင်ငံတဝှမ်း စနစ်တကျ ကျူးလွန်ခဲ့ကြောင်း၊ လူပေါင်းနှစ်သန်းကျော်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည် ၉၅၀၀၀ ကျော်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု Human Rights Watch( လူအခွင့်ရေးစောင့်ကြည့်အဖွဲ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဆင်နွဲပြီးနောက် စစ်ကောင်စီတပ်စခန်း ၂၀၂ ခု သိမ်းပိုက်ရရှိခဲ့ပြီး၊ ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ ၅ မြို့ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်ကြောင်း၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစံကျော် နယ်စပ်ဂိတ် ၄ ခုကိုသိမ်းပိုက်ရရှိထားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့များမှ မြို့နယ် ၁၉ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ မဟာမိတ်တပ်ပေါင်းစု ထုတ်ပြန်ထားကြောင်း၊ နိုဝင်ဘာ ၂၅ ရက်က လောက်ကိုင်-တရုတ်နယ်စပ် ခြံစည်းရိုး (၁၂၇) အနီးမှာ စစ်ဘေးရှောင်နေသူတွေကို တရုတ်ဘက်က မျက်ရည်ယိုဗုံး အသုံးပြုပြီးနှင်ထုတ်ခဲ့သည့် ဗီဒီယိုရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ရပြီး၊ မျက်ရည်ယိုဗုံးကြောင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အသက်ရှူကြပ်ခြင်းများ ဖြစ်ခဲ့သည်။

ယခု ချိန်မှာတော့ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးလမ်းပိုင်းတခုဖြစ်တဲ့ မယ်ဆောက်၊ မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီးကို KNLA နှင့်
တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြဝတီမြို့အနီးက ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြောင်း သိရသည်။

Ref: Khaosod English ,HRW

#RedNewsAgency

By Editor