Tag: စစ်ပြေး

  • အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

    အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် – AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် – အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။

    တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုကထုတ်ပြန်ထားသည်။

    (more…)

  • အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

    အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

    RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။

    စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်းမှ စစ်ပြေးနှင့်ရဲပြေးစသည့် ၃၀၀ ခန့်ကို စစ်မှုမထမ်းသည့်အတွက် ယမန်နေ့က အင်းစီန်ထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

    “စစ်မတိုက်နိုင်ဘူး ကျသင့်သလောက်ခံသွားမယ် ကျတော်တို့ကိုထောင်ထဲ ပြန်ပို့ ပေးပါ” ဟု အင်းစိန်ထောင်တွင်းမှ ခေါ်ထုတ်သွားခံရသူများက ပြောကြကြောင်း၊ ” မင်းတို့ကလည်း လွတ်ငြိမ်းပေးတာတောင် မထွက်ချင်ဘူး” ဟုလည်း စစ်ကောင်စီလက်အောက်ခံများက ပြောနေကြကြောင်း အင်းစိန်ထောင်အတွင်း ပြောဆိုနေကြကြောင်း သိရသည်။

    အင်းစိန်ထောင်မှ အကျဉ်းသားများကို ဒီဇင်ဘာလ (၇) ရက်နေ့က အဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းပါက လွတ်ငြိမ်းချမ်းသာပေးမည်ဟု စစ်ကောင်စီလက်အောက်ခံများတိုက်တွန်းခဲ့ပေမဲ့ စစ်မှူမထမ်းလိုကြောာင်းနှင့် ထောင်ကျသည့်နှစ်အတိုင်း ထောု်တွင်နေမည်ဟု ပြောဆိုခဲ့ကြသည့်အတွက် ထောင်အတွင်း ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

    စစ်ပြေး၊ ရဲပြေး၊ ခွင့်မဲ့ပျက်ကွက်သူ စသဖြင့် ထောင်တွင်း အကျဉ်းကျခံရသူများကလည်း စစ်ကောင်စီတပ်လက်အောက် တာဝန်မထမ်းဆောင်လိုကြတော့ကြောင်း၊ အကျဉ်းထောင်မှ အဓမ္မထုတ်သွားစဉ် မိသားစုဝင်များကလည်း စိတ်ပူခဲ့ကြရကြောင်း၊ ယခုချိန် စစ်တပ်အောက် ပြန်ဝင်ပြီး လက်နက်ကိုင် ရှေ့တန်းလွှတ်ခံရပါက သေဖို့သာများသည်ဟု မိသားစုဝင်များကပါ ယုံကြည်နေသည့်အတွက် ထောင်အတွင်းသာ နှစ်ပြည့်သည်အထိ နေစေလိုကြောင်း သိရသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီတပ်တွင် တပ်ရင်းအလိုက် လက်နက်ချသူများ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုများ၊ တိုက်ပွဲအတွင်း သေဆုံးမှုများ၊ CDM ပြုလုပ်သူများကြောင့် တပ်တွင်း ရှေ့တန်းထွက်အင်အား နည်းပါးနေသည့်အတွက် လူအင်အား အဆမတန်လိုအပ်နေကြောင်း၊ မြို့သိမ်းခံရခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများမှာ စစ်မတိုက်လိုတော့ခြင်း စသည်တို့ကြောင့် စစ်ကောင်စီတပ်မှာ ပြိုလဲနေသည့်အဆင့်သို့ တဖြည်းဖြည်းရောက်ရှိနေကြောင်း သိရသည်။

    #RedNewsAgency

  • အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

    အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

    စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာ ထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲကား (၇) စီးဖြင့် ယနေ့ သယ်ထုတ်သွားကြောင်း သိရသည်။

    “မနက်ပိုင်းက ရဲတွေပါလာတဲ့ကားတွေ ဝင်လာတာ အမိုးအုပ်ထားတဲ့ ကားအမြင့်တွေပဲ ပြီးတော့ ထောင်ထဲကလူတွေကို သယ်ထုတ်သွားတယ် မနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ ထုတ်သွားတာ၊ အားလုံး ကား ၇ စီးရှိတယ်၊ ထုတ်သွားတာကလဲ ရဲပြေး စစ်ပြေးဖြစ်ဖို့ အများဆုံးလူငယ် အများစုကို ထုတ်သွားတာ၊ သေချာပါတယ် စစ်ပြေး ရဲပြေးဖြစ်မှာ ဘာလို့လဲဆိုရင် ထောင်ပြောင်းတာမဟုတ်ဘူး အခုလို အမိုးအုပ်ရဲတွေလိုက်ပါတဲ့ကားနဲ့ ဘယ်တော့မှ ထောင်ပြောင်းမထုတ်ဘူး” ဟု အင်းစိန်ထောင်ဝန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

    အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း တပ်ရင်းအလိုက် လက်နက်ချသူများ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုများ၊ တိုက်ပွဲအတွင်း သေဆုံးမှုများ၊ CDM ပြုလုပ်သူများကြောင့် တပ်တွင်း ရှေ့တန်းထွက်အင်အား နည်းပါးနေသည့်အတွက် လူအင်အား အဆမတန်လိုအပ်နေကြောင်း၊ မြို့သိမ်းခံရခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများမှာ စစ်မတိုက်လိုတော့ခြင်း စသည်တို့ကြောင့် စစ်ကောင်စီတပ်မှာ ပြိုလဲနေသည့်အဆင့်သို့ တဖြည်းဖြည်းရောက်ရှိနေကြောင်း သိရသည်။

    (more…)