စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု – PRA Magway နှင့် Z-Fighter တို့ပူးပေါင်းပြီး စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့ ( နီုဝင်ဘာ ၃၀ ရက်) က MH-60R Rocket အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်း ပစ်ခတ်မှုတွင် စက်ရုံအဆောက်အဦများအတွင်း ကျရောက်ပေါက်ကွဲပြီး ယနေ့( ဒီဇင်ဘာ ၁ ရက်)အထိ ယမ်းသိုလှောင်ရုံ မီးလောင်နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုကို အသေးစိတ်စုံစမ်းနေကြောင်း၊ ယင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခိုက်ဖြစ်ကြောင်း PRA Magway ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor