တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိစစ်ကောက်စီလက်အောက်ခံများကို K.N.L.A လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။

မုန်းမြို့ရှိ ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ−၈၄ မှ ဒုရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်၊ တပ်ခွဲမှူး ဗိုလ်ကြီး အာကာစိုး၊ အင်ဂျင်နီယာ တပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း၊ ဒုအရာခံဗိုလ် လှသိန်း၊ ဒုအရာခံဗိုလ် သန်းအောင် အပါအဝင် (၁၉) ဦးနှင့် တပ်မိသားစုဝင် (၄၂) ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့် အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် ပေးထားလျှက်ရှိသည်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃)၊ မူး (မုန်း) မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့ကို ဒီဇင်ဘာလ (၂) ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား (၁၅၀၀) ခန့်ဖြင့် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျှက်ရှိသည်ဟု KNU ကထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor