Tag: တရုတ်နိုင်ငံ

  • စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။

    စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)

  • ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များမှ သိမ်းဆည်းရမိထားသော အွန်လိုင်းဆက်စပ်ပစ္စည်းများကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီထံမှတဆင့် တရုတ်အစိုးရထံ အပ်ရမည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=ljUXfmUXX7U[/embedyt]

    #rednewsagency #rednews #rna #myanmar #bgf

  • အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    “တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်”

    ရန်ုနိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ…?

    အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

    တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြောင့် စစ်ကောင်စီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာချိန်မှာတော့ ညီနောင်တပ်ဖွဲ့ တွေ ထိုးစစ်ရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအမြောက်အများ ရှိနေပေမယ့် မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားလေ့မရှိတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်တွေအပေါ် မည်သို့သော ကတိကဝတ်တွေ ရှိနေနိုင်လဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

    (more…)

  • အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်”

    ကေဂျီ (KinderGarten)

    ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌ အကြီးမားဆုံးသော ချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက် သမိုင်းတလျှောက်တွင် မကြုံဖူးသော ဒကစ (လောက်ကိုင်) ပထမဆုံးအကြိမ်အဖြစ် ကျရှုံးခဲ့ရသည်။ ကျရှုံးရပုံကလည်း ရိုးရိုးလေးပင်မဟုတ် အင်ပြည့်အားပြည့်ဖြင့် စိတ်ဓာတ်ကျကာ လက်နက်ချ အညံခံလိုက်ကြခြင်း ဖြစ်သည်။ ယင်းအချက်ကပင် စစ်ကောင်စီတပ် နိုင်ငံအနှံ့ အရှုံးများစွာ ကြုံတွေ့ချိနဲ့နေရသည့် လမ်းစဖြစ်လာခဲ့သည်။ ဒလိမ့်ကောက်ကွေး အကျနာကာ အဖတ်ပြန်ဆည် မရနိုင်တော့လောက်အောင် အခြေဖြတ်၍ အရိုက်ခံလိုက်ရခြင်းမျိုးဟုလည်း ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၇၈ မြို့ခန့်နီးပါး ရှိလာခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည်ပင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ဟန်တပြင်ပြင်ဖြစ်နေသည့် အခြေအနေရှိလာသည်။ စစ်ရှုံး၍ အထိနာနေသော အနေအထားတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဒေသအနှံ့က မြို့ရွာများအပေါ် နေ့မအား၊ ညမနား ဗုံးကြဲနေရုံသာ တတ်နိုင်တော့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်နှင့် မြို့ရွာပျက်ဆီး ဆုံးရှုံးမှုများသာ ပိုများလာခဲ့သည်။ 

    (more…)

  • စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

    စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

    RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

    ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၉ နာရီ ၁၈ မိနစ်ဝန်းကျင်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်လာသည့်အတွက် ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူလူထုအတွက် စစ်ဒဏ်သင့် ဆုံးရှုံးမှုများမည်စိုးသည့်အတွက် ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

    “ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်” ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ ဘောတူညီထားခြင်းဖြစ်သည်။

    #RedNewsAgency

  • မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။

    မြောက်ပိုင်းညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNAA၊ AA တို့၏ ကိုယ်စားလှယ်အဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    တရုတ်နိုင်ငံ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက် ကိုယ်စားလှယ်များ နိုင်ငံရေးအရ ဖြေရှင်းနိုက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုအခြေအနေအပေါ်မူတည်ပြီး ယခုလကုန်တွင်လည်း ထပ်မံဆွေးနွေးရန်ရှိကြောင်း စစ်ကောင်စီဘက်မှ ဇော်မင်းထွန်းက ပြောကြားထားသည်။

    မြောက်ပိုင်းညီနောင်မဟာမိတ်များ ဦးဆောက်အကောင်အထည်ဖော်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် အဆုံးမသတ်သေးကြောင်း၊ လောက်ကိုင်မြို့သိမ်း တိုက်ပွဲကို ဆက်နွှဲနေကြောင်း၊ ကိုးကန့်ရှိ စစ်ကောင်စီ၏ တပ်စခန်း ရာချီနှင် မြို့များ နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

    အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။

    ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။

    “တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ပါလက်စတိုင်း-အစ္စရေးကိစ္စရပ်နဲ့ ဆက်စပ်လွှမ်းမိုးမှုရှိသည့် နိုင်ငံများအနေဖြင့် ဘက်စုံတည်တံ့သည့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ရေး၊ အရပ်သားများ၏ အသက်ရှင်သန်နေထိုင်ရေးနဲ့ကျန်းမာရေးကို ကာကွယ်ပေးရေးမှာ တာဝန်ယူမှုရှိတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြဖို့” တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပြောသည်။

    ဂါဇာဒေသတွင် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ပံ့ပိုးခြင်းနှင့် ဒဏ်ရာရသူများကို ကုသခြင်းနှင့် လွှဲပြောင်းခြင်းများတွင်လည်း WHO နှင့် အခြားလူသားချင်းစာနာထောက်ထားမှု အေဂျင်စီများ ထောက်ခံအားပေးသင့်ကြောင်း၊ ပါလက်စတိုင်းနှင့် ကုလသမဂ္ဂသို့ နယ်ပယ်စုံမှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာနှင့် ဆေးဝါးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ဂါဇာဒေသရှိ ပြည်သူများ၏ လိုအပ်ချက်အရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်လျက်ရှိသည်ဟု မစ္စတာ Chen Xu က ဆက်လက်ပြောကြားထားသည်။

    ဒီဇင်ဘာ ၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု – UAE က အဆိုပြုတင်သွင်းသည့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေး အစ္စရေးနှင့် ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့တို့ တိုက်ပွဲများ ချက်ချင်းရပ်ရန် အဆိုပြု တင်သွင်းသည့် မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအထဲမှ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

    #RedNewsAgency

  • စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

    စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    (more…)