RNA Editor

253 Posts
စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်" နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊  ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း…
Read More
အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။   အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊…
Read More
စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ "လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။ (more…)
Read More
လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

RNA_မေ(၃)၊၂၀၂၄ခုနှစ်။ စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သည့်အတွက်တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်ဟု SSPP Info မှ ယနေ့ ထုတ်ပြန်ထားသည်။ “တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။…
Read More
မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

RNA_မေ(၃)၊၂၀၂၄ ခုနှစ်။ မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း (၆၀) ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ပြည်သူလူထုများ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်က ယနေ့ ပြောကြားခဲ့သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် နမ့်ခမ်းမြို့ ပြည်သူလူထုများ ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဗိုလ်ချုပ် တားဟိုပလန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ (more…)
Read More
အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် - AA နိုဗာစစ်ဒေသ (၁) က ဧပြီလ…
Read More
နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

ကိုဆိုဗိုကနေ ကက်ရှမီးယားအထိ၊ မြောက်အိုင်ယာလန်ကနေ နိုင်ဂျီးရီးယားအထိ ဒီကနေ့ ကမ္ဘာမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခဟာ နယ်မြေအပေါ်မှာ အခြေခံပြီးဖြစ်ပွားတဲ့ လူမျိုးစုတွေကြားက ပဋိပက္ခပါပဲ။ လူမျိုးစုလို့ပြောလိုက်ရင် သွေးသားတော်စပ်မှုကို အကြောင်းပြုပြီး ဘာသာစကားတူ၊ ကိုးကွယ်တဲ့ဘာသာတူ လူအုပ်စုအချင်းချင်း သွေးစည်းညီညွတ်ဖို့ ကြိုးစားကြသလို ဘာသာစကားမတူ၊ ယဥ်ကျေးမှုမတူသူတွေကို "တစိမ်းတရံစာ"လို့ သဘောထားဆက်ဆံတတ်ကြတာမျိုးပါ။ လွယ်လွယ်ပြောရရင် " We- they "အမြင်၊ ငါတို့နဲ့ သူတို့ဆိုတဲ့ ခွဲခြားထားတဲ့အမြင်လို့ ပြောရမှာပါပဲ။ (more…)
Read More
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်များနှင့် မဟာမိတ် များပူးပေါင်းဆင်နွှဲနေရာတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် -AA ကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ပြီး ဆက်လက်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့်မဟာမိတ်များက ထုတ်ပြန်ပြောကြားထားသည်။ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်ပြန်ဆုတ်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့မှာ စစ်ဆင်ရေးပြန်စပြီး ကျင်ဒွေးမြို့နှင့် (၁) ကီလိုမီတာအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ အဆမတန်…
Read More
အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ "အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။ မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။…
Read More
သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

RNA_ဧပြီ(၁၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၂၁) လောင်းနှင့် လက်နက်ငယ် (၄၀)ကျော်၊ ၆၀မမ (၂)လတ်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် ဧပြီလ (၁၅) ရက်နေ့က သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More