Author: RNA Editor

  • ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

    ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

    RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။

    ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။

    ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

    (more…)

  • ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

    ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

    RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ဦးသေဆုံးပြီး၊ လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

    NUG/MOD၊ PDF၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်အတွင်း KNU တပ်မဟာ(၃) ၏ ပူးပေါင်းပါဝင်မှုဖြင့် ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ (၈) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦးနှင့် မိသားစုဝင် (၇) ဦးဖမ်းဆီးထိန်းသိမ်းရမိကြောင်း၊ တိုက်ပွဲအတွင်းမှ တပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားသည်ဟု MOD ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး ဆွေးနွေး

    အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး ဆွေးနွေး

    RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။
     
    နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် “အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ စကားဝိုင်း ဆွေးနွေးမှုများကိုလည်း မေလ ၅ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံပြင်ပတနေရာ၌ ကျင်းပခဲ့သည်။
     
    နိုင်ငံတကာမြန်မာသတင်း (နိုင်ငံတကာမြန်မာသတင်း(Burma News International-BNI)က ကြီးမှူးပြီး ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်တချို့နှင့် မီဒီယာပံ့ပိုးသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃၀) ခန့်တက်ရောက်ခဲ့သည်။

    (more…)

  • ၄ နှစ်အတွင်း ဖယ်ခုံ PDF ရဲဘော် (၁၆) ဦးကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ရဲဘော် (၁၇) ဦးရှိ

    ၄ နှစ်အတွင်း ဖယ်ခုံ PDF ရဲဘော် (၁၆) ဦးကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ရဲဘော် (၁၇) ဦးရှိ

    RNA_မေ(၁၀)၊၂၀၂၅ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်ချိန်တွင် စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရင်း PDF ရဲဘော် (၁၆) ဦးကျဆုံးခဲ့ရပြီး၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်သူခဲ့ရသည့် ရဲဘော် (၁၇) ဦးရှိကြောင်း သိရသည်။

    (more…)

  • ဖခင်ဖြစ်သူကို ဖမ်းမမိသည့်အတွက် သမီးဖြစ်သူဖမ်းဆီးခံခဲ့ရ

    ဖခင်ဖြစ်သူကို ဖမ်းမမိသည့်အတွက် သမီးဖြစ်သူဖမ်းဆီးခံခဲ့ရ

    RNA_မေ(၁၀)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းမှာ ဖခင်ဖြစ်သူ PDF ရဲဘော်ကို ဖမ်းဆီးမရမိသည့်အတွက် သမီးဖြစ်သူ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အကျဉ်းထောင်တွင်းက လွတ်မြောက်ချိန်မှသာ ထုတ်ပြောခွင့်ရခဲ့သည်။

    ဖမ်းဆီးခံခဲ့ရသော မချစ်နန်းဝတ်မှုံသည် စစ်ကြောရေးအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့်အခြေအနေများ၊ ခံစားခဲ့ရသည့် ခံစားချက်များကို ယခုရုပ်သံတွင် ပြောပြထားသည်။

    (more…)

  • Southern Eagle တပ်ရင်းမှ ဆေးမှူး Lightning ကျဆုံး

    Southern Eagle တပ်ရင်းမှ ဆေးမှူး Lightning ကျဆုံး

    RNA_မေ(၉)၊၂၀၂၅ခုနှစ်။
     
    တိုက်ပွဲပြင်းထန်နေသော ပဲခူး-ရန်ကုန် စစ်ဆင်ရေးအတွင်း ရှေ့တန်းတစ်နေရာတွင် Southern Eagle တပ်ရင်းမှ ဆေးမှူး ရဲဘော် Lightning (အသက် ၂၇ နှစ်)သည် မေလ (၈) ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။
     
    ဆေးမှူး ရဲဘော် Lightning ကျဆုံးမှုနှင့်ပတ်သက်ပြီး Southern Eagle PDF မှအသိပေးထားသလို တိုက်ပွဲဝင်ရဲဘော်များနှင့် နီးစပ်သော ရဲဘော်များ မိတ်ဆွေ သူငယ်ချင်းများကလည်း ဝမ်းနည်းကြောင်း ပြောကြားထားကြသည်။
     
    #RedNewsAgency #RNA #REDNEWS
  • ပေါင်းတည်မြို့သား ရဲဘော်စောနိုင်၏ ဈာပန

    ပေါင်းတည်မြို့သား ရဲဘော်စောနိုင်၏ ဈာပန

    RNA_မေ(၃)၊၂၀၂၅ခုနှစ်။
     
    ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပေါင်းတည်မြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲဘော်ဟောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော် စောနိုင် (အသက် ၅၆ နှစ်)၏ ဈာပနအခမ်းအနားကို ယနေ့ (မေလ ၃ ရက်) နေ့လယ်ပိုင်းက မဲဆောက်မြို့မှာ ကျင်းပခဲ့သည်။

    (more…)

  • MOD အောက်မှ နှုတ်ထွက်ခဲ့သော တပ်ရင်းမှူးကိုစစ်နိုင်ကို MOD ဖမ်းဆီး

    MOD အောက်မှ နှုတ်ထွက်ခဲ့သော တပ်ရင်းမှူးကိုစစ်နိုင်ကို MOD ဖမ်းဆီး

    RNA_မေ(၂)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း ဆန္ဒမရှိတော့သည့်အတွက် နှုတ်ထွက်ခဲ့သော ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုစစ်နိုင်ကို MOD ကဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

    ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းမှ တပ်ရင်းမှူး ကိုစစ်နိုင်ကို MOD စစ်ရုံးချုပ်မှဟုဆိုကာ ဧပြီလ ၂၄ ရက်နေ့ ည (၁၀) နာရီခန့်က ထိန်းသိမ်းခေါ်ဆောင်သွားကြောင်း၊ MODစစ်ရုံးချုပ်အနေဖြင့် ယခုကဲ့သို့ တပ်ရင်းမှူး တစ်ဦးအား မည်သည့်ဖမ်းဝရမ်းမှ မပါသည့်အပြင် ပြစ်မှုထင်ရှားခြင်းမရှိပဲ ထိန်းသိမ်းခေါ်ဆောင်ထားခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်မျိုးဖြစ်ကို သတိချပ်စေလိုကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) ရဲဘော်များက မေလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

    (more…)

  • နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှ တပ်မဆုတ်နိုင်သည့်အတွက် TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲပျက်

    နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှ တပ်မဆုတ်နိုင်သည့်အတွက် TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲပျက်

    RNA_မေ(၂)၊၂၀၂၅ခုနှစ်။

    TNLA တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် ဒေသများမှ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွါရန် စစ်ကောင်စီကိုယ်စားလှယ်တောင်းဆိုသော်လည်း တပ်ဆုတ်ရန်သဘောမတူသည့်အတွက် ဆွေးနွေးပွဲပျက်သွားပြန်ပြီဖြစ်ကြောင်း သိရသည်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု TNLA က ယနေ့ထုတ်ပြန်လိုက်သည်။

    (more…)

  • လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

    လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

    RNA_မေ(၁)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၅၀) ဦးဝန်းကျင်သေဆုံးပြီး (၈၀) ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုများအားဧပြီလ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း၊ လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)