Author: RNA Editor

  • နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

    နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

    RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

    လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။

    ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။ (more…)

  • ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့် အလေးပြုခြင်း အခမ်းအနားကျင်းပ

    ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့် အလေးပြုခြင်း အခမ်းအနားကျင်းပ

    RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

    NUG/MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး၊ ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ရဲဘော်ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ဧပြီလ (၂၅) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

    (more…)

  • ရေနံ့သာရဲကင်းမှ စခန်းမှူးမြတ်သွင်အောင်နှင့်အဖွဲ့ ထွက်ပြေး

    ရေနံ့သာရဲကင်းမှ စခန်းမှူးမြတ်သွင်အောင်နှင့်အဖွဲ့ ထွက်ပြေး

    RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သရက် – ကံမ – ပြည် ကားလမ်းဘေး၊ ကပစ (၁၂) နှင့် (၁၃)မိုင်အကွာ၊ ရေနံ့သာကျေးရွာရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရစဉ် စခန်းမူး မြတ်သွင်အောင်နှင့်အဖွဲ့ထွက်ပြေးကြကြောင်း သိရသည်။

    ရေနံ့သာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့ နံနက် (၅)နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။

    ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။

    အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင် (အချိုးကျ/အလှည့်ကျ) (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဖြန့်ဝေထားသည့် စာတွင် တွေ့ရှိရသည်။

    (more…)

  • စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

    စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်-မိုးကောင်း-မြစ်ကြီးနားလမ်းနှင့် တနိုင်း-မိုးကောင်း-မြစ်ကြီးနားလမ်းဆုံတို့ဖြစ်သော လဝါးကျေးရွာမှ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ် (SNA)တို့ ပူးပေါင်းထားသော အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်ထားသော ဖားကန့်-မိုးကောင်းလမ်းကြောဖြစ်သည့် နမ့်ယားဘက်ကို စစ်ကြောင်းထိုးလာသည်ဟု ယနေ့ ဒေသခံများက ပြောကြားထားသည်။


    ဖားကန့်လာသည့် ခရီးသွားပြည်သူများ၏ အတက်အဆင်းလမ်းများကို ပိတ်ထားကြောင်း၊ ဖားကန့်မှ ဟိုပင် – မိုးညှင်းထွက်သည့် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီနှင့်ရှမ်းနီတပ်တို့ ပူးပေါင်းပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီသည် ဖားကန့်ဝင်များကို ပြန်ယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

    (more…)

  • မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။
     
    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။
     
    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။

    (more…)

  • တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    “အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ”

    ပင်လယ်သူ

    လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

    ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ သိမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရည်အချင်းမရှိ၊ သူရဲဘော ကြောင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းများစွာ ဖမ်းဆီးခံခဲ့ကြရတယ်။ လက်နက်ခဲယမ်းတွေဟာ လားရှိုးမြို့နှင့်အတူ ဒကစ ခြောက်ခုထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ လောက်ကိုင်ဒကစကိုပါ လက်လွှတ်လိုက်ရတဲ့အတွက် ရုံးထိုင်စရာပါပျောက်သွားရတဲ့အထိ ဖြစ်သွားရတဲ့ဖြစ်စဉ်ဟာ မင်းအောင်လှိုင် လက်ထက်မှာ သမိုင်းဆိုးနဲ့ ကျန်ခဲ့မဲ့ စစ်တပ်ဖြစ်ပါတယ်။


    အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ။ ပြန်လည်တိုက်ယူနိုင်စွမ်း မရှိတဲ့အတွက် ရှေ့ပိုင်းမှာ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်များကို စစ်ကောင်စီဟာ အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်း ညီနောင်မဟာမိတ်တွေက အမြဲအသာစီးရခဲ့လို့ စစ်တပ်လိုချင်တာ တခုမှမအောင်မြင်ခဲ့တဲ့ ဆေးနွေးပွဲတွေဆိုတာ အားလုံးအသိဖြစ်တယ်။

    (more…)

  • ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN တပ်ခွဲ (၃) သည် NUG/MOD လက်အောက်မှ နှုတ်ထွက်

    ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN တပ်ခွဲ (၃) သည် NUG/MOD လက်အောက်မှ နှုတ်ထွက်

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တပ်ခွဲ (၃) 21 Bagan တပ်ဖွဲ့သည် ဧပြီလ ၂၃ ရက်နေ့မှစတင်ပြီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှနှုတ်ထွက်ပြီး ပေးအပ်ခဲ့သော လက်နက်ခဲယမ်းများကို ပြန်အပ်မည်ဖြစ်ကြောင်း သိရသည်။

    ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN – LPDF အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ MOD လက်အောက်အရောက်တွင် တပ်ခွဲ – ၃ အဖြစ် ဖွဲ့စည်းရာတွင် မြို့နယ် ပ.က.ဖ ထံမှ သင်တန်းဆင်းရဲဘော်များနှင့်အတူ ပေးအပ်ခဲ့သော MA1 သေနတ် (၂) လက်နှင့်အတူ ၅.၅၆ ကျည် အတောင့် (၂၀၀ )၊ ကျည်ဘောက် (၆ ) ဘောက်အား ပြန်လည်အပ်နှံခဲ့သည်ဟု 21 BAGAN က ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • NUG အဖွဲ့ဝင်များ တော်လှန်ရေးတာဝန်နှင့် နိုင်ငံရေးတာဝန်များ ကျေပွန်ရန်လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

    NUG အဖွဲ့ဝင်များ တော်လှန်ရေးတာဝန်နှင့် နိုင်ငံရေးတာဝန်များ ကျေပွန်ရန်လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

    RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်သော ယနေ့ အစည်းအဝေးတွင် ​NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတာဝန်များနှင့် နိုင်ငံရေးတာဝန်များကို ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားထားသည်။

    “ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ” တာဝန်ယူထားကြတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတာဝန်တွေနဲ့ နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင် အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

    (more…)

  • အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။

    (more…)