အလုပ်သမားအခွင့်အရေး

စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

RNA_မေ(၁)၊၂၀၂၅ခုနှစ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ယနေ့ (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ အထွေထွေဖိနှိပ်မှုများကြောင့် အလုပ်သမားထုတစ်ရပ်လုံးမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့် အရေးများ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရသည်ဟု ယနေ့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကျင်းပသော ၁၃၅ ကြိမ်မြောက် မေဒေးနေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုကို အရင်းတည်ပြီး အလုပ်သမားတို့၏ အသက်သွေးချွေးတို့ဖြင့် အလုပ်သမားအခွ့်အရေးများကို တိုက်ယူခဲ့ရသော မေးဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့)တွင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလုပ်သမားအဖွဲ့အစည်းများပူးပေါင်းပြီး ယနေ့ ကျင်းပခဲ့ခြင်းဖြစ်သည်။ (more…)
Read More
တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်ရေး အထိုင်များ

တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်ရေး အထိုင်များ

ရန်သူနဲ့ညှိသွားခြင်း၊ အသနားခံစာတင်သွားခြင်း၊ အကျိုးစီးပွားရှေ့ရူ့ပြီး ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာများ မလုပ်ခြင်း၊ ရေလိုက်ငါးလိုက် အလုပ်ဖြစ်ရေးမူဖြင့် သွားနေကြခြင်း ကိုသားကြီး (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ) ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို စတင်သပိတ်မှောက်တော်လှန်ခဲ့သည့်အထဲတွင် အလုပ် သမားလူတန်းစားများမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် အလုပ် သမားအရေးအရေးကိစ္စသည် စစ်ရေးသတင်းများ၊ အာဏာရှင်တော်လှန်ရေးဆောင်ရွက်နေမှု သတင်း များအကြားတွင် မှေးမှိန်လာခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကာလများအတွင်း အခြေခံ အလုပ်သမားများအနေဖြင့် လုပ်ခလစာပြဿနာများ၊ အဓမ္မဖိအားပေးခိုင်းစေခြင်းများ၊ ခွင့်ဆိုင်ရာပြဿနာများ၊ အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာပြဿနာများအပြင် အမျိုးသမီးများအနေဖြင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ယခင်ကထက် ပိုမိုဆိုးရွားစွာရင်ဆိုင်နေကြရသည်ကို သတိပြုရန်လိုအပ်သည်။ စစ်ကောင်စီ လက်အောက်တွင် လည်ပတ်နေသည့် ဌာနဆိုင်ရာများနှင့် အကာအကွယ်မဲ့နေသော ဥပဒေများကြားတွင် အလုပ်သမားထုတရပ်လုံးမှာ ခက်ခဲစွာရုန်းကန်နေကြရသည်။…
Read More