မေဒေး

စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

RNA_မေ(၁)၊၂၀၂၅ခုနှစ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ယနေ့ (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ အထွေထွေဖိနှိပ်မှုများကြောင့် အလုပ်သမားထုတစ်ရပ်လုံးမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့် အရေးများ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရသည်ဟု ယနေ့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကျင်းပသော ၁၃၅ ကြိမ်မြောက် မေဒေးနေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုကို အရင်းတည်ပြီး အလုပ်သမားတို့၏ အသက်သွေးချွေးတို့ဖြင့် အလုပ်သမားအခွ့်အရေးများကို တိုက်ယူခဲ့ရသော မေးဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့)တွင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလုပ်သမားအဖွဲ့အစည်းများပူးပေါင်းပြီး ယနေ့ ကျင်းပခဲ့ခြင်းဖြစ်သည်။ (more…)
Read More