စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

RNA_မေ(၁)၊၂၀၂၅ခုနှစ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ယနေ့ (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ အထွေထွေဖိနှိပ်မှုများကြောင့် အလုပ်သမားထုတစ်ရပ်လုံးမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့် အရေးများ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရသည်ဟု ယနေ့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကျင်းပသော ၁၃၅ ကြိမ်မြောက် မေဒေးနေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုကို အရင်းတည်ပြီး အလုပ်သမားတို့၏ အသက်သွေးချွေးတို့ဖြင့် အလုပ်သမားအခွ့်အရေးများကို တိုက်ယူခဲ့ရသော မေးဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့)တွင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလုပ်သမားအဖွဲ့အစည်းများပူးပေါင်းပြီး ယနေ့ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

၁၃၅ ကြိမ်မြောက် မေဒေးနေ့တွင် အလုပ်သမားများအား အတင်းအဓမ္မစစ်မှုထမ်း စာရင်းသွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လုပ်ငန်းခွင် အတင်းအဓမ္မခိုင်းစေခြင်း လုပ်ရပ်များ ရပ်တန့်ရေး၊ အလုပ်သမားအဖွဲ့အစည်းများလွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့်ရရှိရေးနှင့် Yellow Union ဖွဲ့စည်းနေမှုများ ရပ်တန်းရေး စသည့် အချက် (၇) ကိုတောင်းဆိုထားသည်။

ယနေ့ ကျင်းပပြုလုပ်သည့် မေးဒေးနေ့ အခမ်းအနား ထုတ်ပြန်ချက်ကို Myanmar Industries Craft & Service၊ Trade Union Federation – MICS၊ Federation of General Workers Myanmar – FGWM၊ Labour Rights Defenders & Promoters- LRDP၊ Let’s Help Each Other – LHEO၊ Progressive Labor Community _ PLC တို့ ပူးပေါင်းတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor