Tag: အခွင့်အရေး

  • “လူနည်းစု အခွင့်အရေး” အကြောင်း သိကောင်းစရာ

    “လူနည်းစု အခွင့်အရေး” အကြောင်း သိကောင်းစရာ

    မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတွေမှာ လူနည်းစုအခွင့်အရေးဟာ အလွန်အရေးကြီးပါတယ်။ ဒီဗီဒီယိုမှာတော့ လူနည်းစု အခွင့်အရေးဆိုတာ ဘာလဲ၊ လူနည်းစု အခွင့်အရေးကို ဘယ်လိုတိုင်းတာသလဲ ဆိုတာတွေကို PRA-Magway ဥက္ကဋ္ဌ ကိုနေမွန်က အချက်အလက်တွေနဲ့တကွ ရှင်းလင်းတင်ပြထားပါတယ်။

    ဗီဒီယိုအတွင်း ပါဝင်မည့် အချက်အလက်များ – လူနည်းစု အခွင့်အရေး (Minority Rights) ဆိုတာ ဘာလဲ? အင်အားနည်းသူတွေအတွက် ဘာကြောင့် အရေးကြီးတာလဲ? လူနည်းစု အခွင့်အရေးကို တိုင်းတာရမည့် စံနှုန်းများ။

    #RedNewsAgency #RedNews #RNA

  • တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်ရေး အထိုင်များ

    တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်ရေး အထိုင်များ

    ရန်သူနဲ့ညှိသွားခြင်း၊ အသနားခံစာတင်သွားခြင်း၊ အကျိုးစီးပွားရှေ့ရူ့ပြီး ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာများ မလုပ်ခြင်း၊ ရေလိုက်ငါးလိုက် အလုပ်ဖြစ်ရေးမူဖြင့် သွားနေကြခြင်း

    ကိုသားကြီး (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

    ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို စတင်သပိတ်မှောက်တော်လှန်ခဲ့သည့်အထဲတွင် အလုပ် သမားလူတန်းစားများမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် အလုပ် သမားအရေးအရေးကိစ္စသည် စစ်ရေးသတင်းများ၊ အာဏာရှင်တော်လှန်ရေးဆောင်ရွက်နေမှု သတင်း များအကြားတွင် မှေးမှိန်လာခဲ့သည်။

    စစ်တပ်အာဏာသိမ်းမှုကာလများအတွင်း အခြေခံ အလုပ်သမားများအနေဖြင့် လုပ်ခလစာပြဿနာများ၊ အဓမ္မဖိအားပေးခိုင်းစေခြင်းများ၊ ခွင့်ဆိုင်ရာပြဿနာများ၊ အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာပြဿနာများအပြင် အမျိုးသမီးများအနေဖြင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ယခင်ကထက် ပိုမိုဆိုးရွားစွာရင်ဆိုင်နေကြရသည်ကို သတိပြုရန်လိုအပ်သည်။

    စစ်ကောင်စီ လက်အောက်တွင် လည်ပတ်နေသည့် ဌာနဆိုင်ရာများနှင့် အကာအကွယ်မဲ့နေသော ဥပဒေများကြားတွင် အလုပ်သမားထုတရပ်လုံးမှာ ခက်ခဲစွာရုန်းကန်နေကြရသည်။ တဖက်တွင်လည်း အလုပ်သမားအရေးကိစ္စများကို ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ် သမားအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများကို အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့်အတွက် အလုပ်သမား အရေးများကို ယခင်ကကဲ့သို့ လွတ်လပ်ပွင့်လင်းစွာဆောင်ရွက်၍ မရတော့ပေ။ ထို့အပြင် အလုပ်သမားအရေး လှုပ်ရှားသူများ၊ သပိတ်ကော်မတီများ၊ အလုပ်သမားသမဂ္ဂများ၊ ဆန္ဒထုတ်ဖော်မှုများကို ဖြိုခွင်းမှုများရှိနေသည့်အတွက် အလုပ်သမားများအနေဖြင့် ကူညီရာမဲ့သည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိနေသည်။

    (more…)