တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁) ဦးကျဆုံး

RNA_မေ(၁)၊၂၀၂၅ခုနှစ်။
 
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၈ မှထွက်လာသော အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉) ရဲဘော်များက ဧပြီလ ၂၉ ရက်နေ့က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ဒဏ်ရရာရှိခဲ့ပြီး ရေစကြို ပ.က.ဖ ခွဲမှူးရဲဘော် (၁) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။

ရေစကြိုမြို့ ခလရ ၂၅၈ မှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာသည့်အတွက် ထန်းဆယ်ပင်ကျေးရွာမှ နေအိမ် (၁၁) လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း၊ တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ခလရ ၂၅၈ အတွင်း ပြန်ဝင်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် မြို့ပေါ်ရုံးပေါင်းစုံနှင့် ခလရ ၂၅၈ အတွင်းမှ လက်နက်ကြီးပစ်ကူများပေးချိန် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ယနေ့ ထုတ်ပြန်ထားသည်။
 
#RedNewsAgency #REDNEWS #RNA
By RNA Editor