စစ်ကောင်စီတပ်သား (၂၀) ကျော်ကြားဖြတ်တိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

RNA_မေ(၁)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကားကင်းဖြစ်သည့် ပဇီရွာတပ်စခန်းမှ လုံခြုံရေးယူရန်ထွက်လာသော စစ်ကောင်စီတပ်သား (၂၀) ကျော်အား ဧပြီလ (၃၀) ရက်နေ့ နံနက် ၈ နာရီက ချင်းကာကွယ်ရေးတပ် – အရှို ( CDF-Asho)ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၉) ဦးသေဆုံးပြီး MA အမျိုးစား လက်နက်ငယ် (၉) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု CDF-Asho က ထုတ်ပြန်ထားသည်။

ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း သိမ်းပိုက်နိုင်ရေးအတွက် AA ဦးဆောင်ပြီး မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေကြောင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ထွက်ပြေးနေသော တပ်ဖွဲ့ဝင်များ မကြာခဏတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်း၊ ငဖဲမြို့နယ် ပဇီကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီ၏ တပ်မ ၉၉၊ ကပစ ၂၊ ၁၀၊ ၁၃၊ ၁၄ တို့မှ စုပေါင်းအင်အား ၁၃၀ ခန့်တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများအား ခိုးယူရောင်းချခြင်းများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor