Tag: PDF
-

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့
RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ မူလနေထိုင်သည့် စခန်းစွန့်ခွါပြီး တနေရာ ပြောင်းခဲ့ရသည်ဟု သိရသည်။ -

လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။
-

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်
RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။
၂၀၂၃ ခုနှစ်သည် အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေ းခရီးအတွက် နောက်ဆူံပိတ် နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သတ်သေပြမည်ဟု စစ်ကိုင်းတိုင်းအခြေ စိုက် ဟုမ္မလင်း PDF မှ ထုတ်ပြန်ကြေညာထားသည်။

Photo : HPDF -124 တော်လှန်ရေးခရီးတွင် မိဘပြည်သုများနှင့်အတူတကွ ပူးပေါင်းမှသာ ခရီးတွင်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တော်လှန်ရေး ရဲဘော်များအနေဖြင့် နှစ်ဟောင်းကထက် မြဲမြံသည့် တော်လှန်ရေးစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ် တော်လှန်သွားပါမည်ဟု မိဘပြည်သူများအား သစ္စာ အဓိဋ္ဌာန်ပြုပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး
Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း (၂) ကိုသိမ်းပိုက်ထား
RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း (၂) ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commando–ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ) အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။
-

မန္တလေး PDF နှင့် ဝက်လက် PDF စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရ
RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံများက နှစ်သစ်ကူးကာလ မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည်ဟု စွပ်စွဲကာ မန္တလေး PDF (Mandalay Young Force) နှင့် ဝက်လက် PDF တို့မှ အမျိုးသမီး (၂) ဦးအပါအဝင် (၁၆) ဦးကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ထပ်မံဖမ်းဆီးခဲ့ကြသည်ဟု သိရသည်။ -

“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “
RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Yinmarbin Local People’s Defence Force ၏ လုံခြုံရေးပေးမှုနှင့်အတူ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး “တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ ” စာသားကိုကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရသည်။
#RedNewsAgency
-

ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း
RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

-

96 Soldiers -PDF အညာမြေတပ်ခွဲ ရဲဘော်များ နှစ်သစ်ကူးည မြင်ကွင်း
RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို လက်နက် ကိုင်တိုက်ခိုက်နေသည့် 96 Soldiers -PDF အညာမြေတပ်ခွဲရဲဘော်များက ၂၀၂၃ ခုနှစ်အကြို ညပိုင်းတွင် တော်လှန် ရေးသီချင်းတခုဖြစ်သည့် သွေးသစ္စာ သီချင်းသံပြိုင်သီဆိုကာ ကျော်ဖြတ်ခဲ့ကြကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=nBWNv-dcZK4[/embedyt]
#RedNewsAgency
-

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး
RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။
-

“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ
RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။
ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
#RedNewsAgency










