ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးခဲ့သည့် Freelance Attack Force – FLA ရဲဘော် ချောကလက် (ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း FLAက ယနေ့ ထုတ်ပြန်ထားသည်။

“အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force – FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေ‌တောင်စားသောက်ဆိုင် အသိုက် အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန် ကြေညာလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဇန်နဝါရီ (၂၁) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က Freelance Attack Force – FLA ရဲဘော်တချို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးပြန်အထွက်တွင် ဝိုင်းဝန်းဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

#RedNewsAgency

By Editor