Tag: တောင်ငူခရိုင်

  • စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၀) ကျော်သေ

    စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၀) ကျော်သေ

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

    ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ဖေဖော်ဝါရီ (၁၆) ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးကြောင်း သိရသည်။

    ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် ရေတာရှည်မြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊စစ်ကောင်စီတပ်သားများထံမှ ပြည်သူများထံမှ အဓမ္မယူဆောင်လာသည့် လက်ဝက်ရတနာများပါသိမ်းဆည်းရမိခဲ့သည်ဟု ပဲခူး PDF က ထုတ်ပြန်ထားသည်။

    (more…)

  • ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး

    RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)၊ တပ်ကြပ်ကြီးမြင့်အောင်နှင့် အခြား အမျိုးသား (၂) ဦးတို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ယမန်နေ့ ( ဇန်နဝါရီ ၂၂ ရက်) နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

    ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာပြီဖြစ် ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း Bago PDF က ထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

    တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး
     
    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
     
    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီ၊ နံနက် (၁၂) နာရီတို့တွင် နဂျပ်အရှေ့မြောက်ဖက် ဝက်ပုပ်လက်အတက်တွင် စစ်ကောင်စီတပ်အင်အား (၁၅၀) ဝန်းကျင်ဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြသည်။

    (more…)