United Southern Shan FederalUnion

စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ရှန်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ၏ တပ်ရင်း မှူး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မိုးအပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)တို့ကို ဇန်နဝါရီလ (၃) ရက်နေ့က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )၊ အမှတ် (၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ PDF တပ်ရင်းများဖြစ်သော တပ်ရင်းအမှတ် ၁၀၀၅၊ ၁၀၀၈၊၁၀၀၃၊ PNDF စသည့်မဟာမိတ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။…
Read More