အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

ရန်သူနှင့်ပူးပေါင်းသွားသူများကို ခွင့်လွှတ်မည်မဟုတ်ဟု TRI ဗျူဟာ အသိပေး

ရန်သူနှင့်ပူးပေါင်းသွားသူများကို ခွင့်လွှတ်မည်မဟုတ်ဟု TRI ဗျူဟာ အသိပေး

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်တပ်အနေဖြင့် PDF များကို ဘယ်သောအခါမှ အပြုတ်တိုက်နိုင်မည်မဟုတ်သည့်အတွက် ပြန်ဆုတ်ပေးလိုက်သော နယ်မြေများကို မုချပြန်လည်သိမ်းပိုက်မည်ဖြစ်ပြီး ကြားကာလအတွင်း ရန်သူနှင့် ပူးပေါင်းသွားသူများကို တော်လှန်ရေးပြီးဆုံးသည်အထိ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ အသိပေးထားသည်။ TRI ဗျူဟာမှ စိုးမိုးနယ်မြေတစ်ချို့ ပြန်လည်ဆုတ်ခွါပေးနေချိန် အခက်အခဲများကြားတွင် ကြံ့ကြံ့မခံနိုင်သည့် မိသားစုဝင်အချို့နှင့် ရဲဘော်အချို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး - နန်းတွင်း) မှ နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေးမြို့ပေါ်တွင် "ဘာမှမလုပ်ပါဘူး၊ တံခါးဖွင့်ပေးထားပါတယ်၊ ပြန်လာခဲ့ပါ" ဟုဆိုကာ မြို့နယ်/ရပ်ကွက်အလိုက် ညွှန်ကြားချက်များထုတ်၍ သတင်းလွှင့်ကာ ပြန်ခေါ်ခဲ့ကြောင်း၊ အခက်အခဲကြားကို မကျော်လွှားနိုင်ဘဲ သာယာမှုကို ရွေးချယ်ကာ တပ်ကို သစ္စာဖောက်၍ နန်းတွင်းထဲသို့…
Read More
စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ရှန်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ၏ တပ်ရင်း မှူး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မိုးအပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)တို့ကို ဇန်နဝါရီလ (၃) ရက်နေ့က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )၊ အမှတ် (၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ PDF တပ်ရင်းများဖြစ်သော တပ်ရင်းအမှတ် ၁၀၀၅၊ ၁၀၀၈၊၁၀၀၃၊ PNDF စသည့်မဟာမိတ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။…
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က COVID-19 ကာလအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း များရောင်းနေ

ရိုက်ကူး၊ ဒီလှိုင်း မကွေး၊ မေ ၁၉ ရက်။ မကွေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်အရ မေလ ၄ ရက်နေ့ကစတင်ပြီးတော့ မကွေးမြို့ သင်ကြားရေး ဆေးရုံရှေ့မှာ တနင်္လာနေ့ကနေ သောကြာနေအထိ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ရောင်းချနေပါတယ်။ "နေ့ခင်းစာအတွက်ရောင်းချပေးတာပါ၊အများကြီးတော့မဟုတ်ဖူး၊လူ၁၀၀စာ လုပ်လာပါတယ်၊ကြက်ဥကလဲ သက်သာတဲ့‌ဈေးနှုန်းနဲ့လတ်လတ်ဆက်ဆက် ကြက်ခြံကထွက်တဲ့ဟာရောင်းတာဖြစ်ပါတယ်၊ခုပါလာ‌တာကတော့ကြက်သားအာလူးချက်၊ငံပြာရည်ဖျော်၊ဘာလချောင်နဲ့တို့စရာသရက်သီးရယ်ပါ၊တပ်နယ်မှာရှိတဲ့တပ်ရင်းအလှည့်ကြလိုက်သင်ကြား‌ရေးဆေးရုံမှာတနင်းလာနေ့မှသောကြာနေ့အထိရောင်းပေးတာပါ။ COVID-19ရောဂါကာလမှာရောဂါကူးစက်မှုမရှိအောင်စနစ်တစ်ကျ ၁ဦးနဲ့၁ဦ း၃‌ပေအကွာဝယ်ယူခိုင်းပါတယ် " ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၊အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ် အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးသွေးနီထက်က ပြောပါတယ်။Red News Agency
Read More