PDF

လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အ‌ရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။ စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းနှင့် စလင်းမြို့နယ် ကံပြားရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းအတွင်း ရှော့တိုက်ဒုံးများဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ကံပြားရှိ စစ်ကောင်စီတပ်စခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မဲဇလီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှာ သေဆုံးမှုများရှိကြောင်း၊ ကံပြားကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း အသေအဆုံးများ ရှိ မရှိအတိအပျ မသိရှိရသေးကြောင်း သိရသည်။ #RedNewsAgency
Read More
လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။   ယင်းမာပင်ခရိုင်အခြေစိုက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် လူငယ်သူရဲကောင်းတပ် - Young Rangers Force (YRF) အနေဖြင့် ယခု စပါးစိုက်ရာသီတွင် ရိက္ခာအနေဖြင့် တင်း (၂၀၀) ဝန်းကျင်ရရှိကြောင်း သိရသည်။   ဒေသခံ လယ်သမားများက လယ်ကွက်များတွင် ပေးစိုက်သည့်အတွက် YRF တပ်ဖွဲ့ဝင်များက စိုက်ပျိုးခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ (more…)
Read More
အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့ပြောကြားထားမှု RNA_ဒီဇင်ဘာ(၂၉)၊ ၂၀၂၂ ခုနှစ်။ " အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ #RedNewsAgency
Read More
ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ (၁၈) ရွာမှ ဒေသခံပြည်သူများထံသွားရောက်ပြီး ပုလော PDF တာဝန်ရှိသူများက တော်လှန်ရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ပြန်လည်တည်ဆောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။ မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။ မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ #RedNewsAgency
Read More
ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၂ ခုနှစ်။   မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလင်းကုန်းအုပ်စု၊ ပန်းကြိုင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြသိန်း သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။   စစ်ကောင်စီခန်ပ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူးကို နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့က နေအိမ်ဝန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ကရင်မျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ အတွင်းပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ရာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များထဲမှ အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။   NUGအစိုးရ၏ တနှစ်စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများကိုပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မ တော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု PVTV…
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF) တပ်ဖွဲ့​၏ လှူပ်ရှားမှု ပုံရိပ်များ

တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF) တပ်ဖွဲ့​၏ လှူပ်ရှားမှု ပုံရိပ်များ

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု K.R.U ညီနောင် တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF)၏ လှုပ်ရှားမှု ဓာတ်ပုံများကို ယနေ့ ဖော်ပြထားသည်။ Justice-PDF (JPDF) အနေဖြင့် သေနတ်၇လက် ရရှိရေး Justice Gun ရက်၂၀ Campaign အတွက် မိဘပြည်သူများ၏ ထောက်ပို့တပ်ဖွဲ့များ အလှူရှင်များ https://www.facebook.com/tvoy21  Page သို့ လာရောက်လှူဒါန်းပေးကြရန် ဖိတ်ခေါ်ထားသည်။ #RedNewsAgency
Read More