Tag: PNO ပြည်သူ့စစ်

  • တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က သတ်ဖြတ်

    တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က သတ်ဖြတ်

    RNA_ဇန်နဝါရီ(၁၄)၊၂၀၂၅ခုနှစ်။

    တိုက်ပွဲအတွင်းဖမ်းဆီးခံလိုက်ရသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ရဲဘော် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်လိုက်သည်ဟု PNLA ကယနေ့ ထုတ်ပြန်လိုက်သည်။

    ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် ဇန်နဝါရီလ (၁၂) ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းတို့ PNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း၊ PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရသည်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

    စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    ရှန်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ၏ တပ်ရင်း မှူး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မိုးအပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

    ဓာတ်ပုံ : မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (တပ်ရင်းအမှတ် ၁၀၀၇) ရဲဘော်မိုး (ကိုယ်ပိုင်အမှတ် P31007 238)

    စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)တို့ကို ဇန်နဝါရီလ (၃) ရက်နေ့က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )၊ အမှတ် (၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ PDF တပ်ရင်းများဖြစ်သော တပ်ရင်းအမှတ် ၁၀၀၅၊ ၁၀၀၈၊၁၀၀၃၊ PNDF စသည့်မဟာမိတ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)