Tag: PDF

  • ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

    ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖားကန့်မြို့ပေါ်ထိတွေ့တိုက်ပွဲ မဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်က “လူသတ် လုယက် PDF မိတ်ဖက်မြေခွေး KIA” တွေ့သည့်နေရာ ချေမှုန်းစို့ ဆိုသည့် စာရွက်များ ဖားကန့်စည်ပင်စျေးမှာ ယနေ့ နံနက်ပိုင်းက လာကပ်သွားကြောင်း သိရသည်။
    အနန့်ပါ ကိစ္စပြီးသည့်နောက်ပိုင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများသည် ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြကြောင်း၊ ယခုတပတ်အတွင်း စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သည် လမ်းမများပေါ်တွင် စစ်ဆေးရေးများလုပ်ပြီး မေးသမျှ မဖြေနိုင်ပါက ကားသိမ်း၊ ဆိုင်ကယ်သိမ်း၊ ဖုန်းသိမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

    (more…)

  • ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
    ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံးသည့် တိုက်ပွဲအပြန် PDF များကို အိုးစည်ဒိုးပတ် အကအခုန်များဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅၀) ဝန်းကျင်သေဆုံးသည့် တိုက်ပွဲအပြန် PDF ရဲဘော်များကို ဒေသခံပြည်သူများက အိုးစည်ဒိုးပတ် အကအကုန်များ အစားအသောက်များဖြင့် အားရဝမ်းသာစွာ များဖြင့် ကြိုဆိုကြောင်း သိရသည်။

    “ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိကြသည်။ စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀နီးပါးမှ ပြည်သူ ထောင်ချီဟာ စုရပ် (၇)ခုမှာ စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက်များ ဧည့်ခံ ကျွေးမွေးခြင်းနှင့်တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းကြပါသည်” ဟု Myanmar Defense Force – MDF-ဗဟိုပြန်ကြားရေးကော်မတီက ယမန်နေ့က ထုတ်ပြန်ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=IIGZZbDQovU[/embedyt]

    အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Myanmar Defense Force နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၆၊ ခရိုင် တပ်ရင်း ၁၊၂၊ ကျောင်းသားလက်ရုံးတပ်၊ KPDF၊ ဒေသခံပကဖများ၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့စသည်တို့က တိုက်ခိုက်ခဲ့ကြပြီးအပြန် ပြည်သူထောင်ချီပြီး ဆိုကြိုခဲ့ကြသည်ဟု သိရသည်။

    Red News Agency

  • ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – Urban Revolutionary Front – URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။
    မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

    (more…)

  • ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
     
    ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။

    (more…)

  • စစ်ကောင်စီတပ် တပ်မ ၃၃ တပ်သားများပါလာသည့် ယာဉ် မိုင်းဆွဲခံရပြီး (၅) ဦးသေ

    စစ်ကောင်စီတပ် တပ်မ ၃၃ တပ်သားများပါလာသည့် ယာဉ် မိုင်းဆွဲခံရပြီး (၅) ဦးသေ

    RNA_ဇန်နဝါရီ (၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းအခြေစိုက် စစ်ကောင်စီတပ် တပ်မ ၃၃ မှ တပ်သားများလိုက်ပါလာသည့် ယာဉ် (၂) စီးကို မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ယနေ့ နံနက် (၆) နာရီဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်သည့်အတွက် (၅) ဦးသေဆုံးသွားကြောင်း သိရသည်။
     
    “သူတို့က ကားနှစ်စီးနဲ့လာတာဆိုတော့ အသေကောင်တွေကို ပြန်တင်သွားတယ်၊ သူတို့ပစ်တာကတော့ ရက်ရက်စက်စက်ပဲ သူတို့သွားမှ သွားကြည့်တာတော့ ကားထိပြီး အပျက်အစီးတွေ မှန်ကွဲစတွေ သဲတွေနဲ့ဖုံးထားတဲ့ သွေးကွက်တွေ တွေ့ရတယ်၊ အဲလောက် ကျတယ်ဆိုတဲ့ သတင်းလဲရခဲ့တယ်” ဟု People’s Army To Fight Dictatorship(PAFD) တပ်ဖွဲ့ဝင် တဦးက ပြောသည်။

    (more…)

  • သီတဂူ နာယကဆရာတော် အရှင်ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့ကို စစ်ကောင်စီတပ်က ကျောင်းထဲမှာ သတ်ပစ်ခဲ့

    သီတဂူ နာယကဆရာတော် အရှင်ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့ကို စစ်ကောင်စီတပ်က ကျောင်းထဲမှာ သတ်ပစ်ခဲ့

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကွဲကျေးရွာ ရွှေဂူကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စီးနင်းဝင်ရောက်ပြီး သီတဂူ နာယက (၁၀) ပါးစာရင်းဝင် အရှင်ဂန္ဓသာရ (မန္တလေးမြို့၊ မဟာမင်းဒင်စာသင်တိုပ် စာချဆရာတော်) နှင့် မခင်စုမွန်တို့ကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ယနေ့ နံနက် (၅) နာရီ ဝန်းကျင်က သတ်ဖြတ်သွားကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ယနေ့ ထုတ်ပြန်ထားသည်။
     
    မန္တလေးမြို့မှ ဒီပဲယင်းကွဲကျေးရွာသို့ ခေတ္တကြွရောက်လာသည့် သက်တော် သက်တော် (၄၂နှစ် ဝါတော် (၂၂)ဝါ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ ဆရာတော် အရှင် ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့မှာ ကျောင်းတွင်း ယနေ့ နံနက်မှာ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ခုခံကာကွယ်ခဲ့ကြသည့် စကိုင်းခရိုင်တပ်ရင်း (၈) မှ ရဲဘော် ဖိုးတုတ် ( အသက် ၄၀ နှစ်)၊ ကိုမျိုးထွန်းတို့မှာလည်း ယနေ့နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

    (more…)

  • မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A – Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    (more…)

  • တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

    တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    “၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက် အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါသည်” ဟု ယနေ့ KNDF က ထုတ်ပြန်ထားသည်။

    (more…)

  • နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
    စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ZX44_97PxGQ[/embedyt]