PDF

ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - Urban Revolutionary Front - URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ (more…)
Read More
ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။   ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။ (more…)
Read More
စစ်ကောင်စီတပ် တပ်မ ၃၃ တပ်သားများပါလာသည့် ယာဉ် မိုင်းဆွဲခံရပြီး (၅) ဦးသေ

စစ်ကောင်စီတပ် တပ်မ ၃၃ တပ်သားများပါလာသည့် ယာဉ် မိုင်းဆွဲခံရပြီး (၅) ဦးသေ

RNA_ဇန်နဝါရီ (၇)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းအခြေစိုက် စစ်ကောင်စီတပ် တပ်မ ၃၃ မှ တပ်သားများလိုက်ပါလာသည့် ယာဉ် (၂) စီးကို မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ယနေ့ နံနက် (၆) နာရီဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်သည့်အတွက် (၅) ဦးသေဆုံးသွားကြောင်း သိရသည်။   "သူတို့က ကားနှစ်စီးနဲ့လာတာဆိုတော့ အသေကောင်တွေကို ပြန်တင်သွားတယ်၊ သူတို့ပစ်တာကတော့ ရက်ရက်စက်စက်ပဲ သူတို့သွားမှ သွားကြည့်တာတော့ ကားထိပြီး အပျက်အစီးတွေ မှန်ကွဲစတွေ သဲတွေနဲ့ဖုံးထားတဲ့ သွေးကွက်တွေ တွေ့ရတယ်၊ အဲလောက် ကျတယ်ဆိုတဲ့ သတင်းလဲရခဲ့တယ်" ဟု People's Army To Fight Dictatorship(PAFD) တပ်ဖွဲ့ဝင် တဦးက…
Read More
သီတဂူ နာယကဆရာတော် အရှင်ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့ကို စစ်ကောင်စီတပ်က ကျောင်းထဲမှာ သတ်ပစ်ခဲ့

သီတဂူ နာယကဆရာတော် အရှင်ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့ကို စစ်ကောင်စီတပ်က ကျောင်းထဲမှာ သတ်ပစ်ခဲ့

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကွဲကျေးရွာ ရွှေဂူကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စီးနင်းဝင်ရောက်ပြီး သီတဂူ နာယက (၁၀) ပါးစာရင်းဝင် အရှင်ဂန္ဓသာရ (မန္တလေးမြို့၊ မဟာမင်းဒင်စာသင်တိုပ် စာချဆရာတော်) နှင့် မခင်စုမွန်တို့ကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ယနေ့ နံနက် (၅) နာရီ ဝန်းကျင်က သတ်ဖြတ်သွားကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ယနေ့ ထုတ်ပြန်ထားသည်။   မန္တလေးမြို့မှ ဒီပဲယင်းကွဲကျေးရွာသို့ ခေတ္တကြွရောက်လာသည့် သက်တော် သက်တော် (၄၂နှစ် ဝါတော် (၂၂)ဝါ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ ဆရာတော် အရှင်…
Read More
မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A - Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။   “၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။…
Read More
နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။ #RedNewsAgency
Read More
လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း - King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။   ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ…
Read More
လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။   လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။ ၂၀၂၃ ခုနှစ်သည် အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေ းခရီးအတွက် နောက်ဆူံပိတ် နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သတ်သေပြမည်ဟု စစ်ကိုင်းတိုင်းအခြေ စိုက် ဟုမ္မလင်း PDF မှ ထုတ်ပြန်ကြေညာထားသည်။ တော်လှန်ရေးခရီးတွင် မိဘပြည်သုများနှင့်အတူတကွ ပူးပေါင်းမှသာ ခရီးတွင်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တော်လှန်ရေး ရဲဘော်များအနေဖြင့် နှစ်ဟောင်းကထက် မြဲမြံသည့် တော်လှန်ရေးစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ် တော်လှန်သွားပါမည်ဟု မိဘပြည်သူများအား သစ္စာ အဓိဋ္ဌာန်ပြုပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More