RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။
ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး ( အသက် ၂၂ နှစ်) ကျဆုံးခဲ့ရသည်။




စစ်ကောင်စီတပ် မယ်စလောင်းတောင်ပေါ်စခန်းကို KNDF၊ KA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်က (၅) ဦးသေဆုံးကာ အများအပြားထွက်ပြေးကြကြောင်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။




#RedNewsAgency