ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖားကန့်မြို့ပေါ်ထိတွေ့တိုက်ပွဲ မဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်က “လူသတ် လုယက် PDF မိတ်ဖက်မြေခွေး KIA” တွေ့သည့်နေရာ ချေမှုန်းစို့ ဆိုသည့် စာရွက်များ ဖားကန့်စည်ပင်စျေးမှာ ယနေ့ နံနက်ပိုင်းက လာကပ်သွားကြောင်း သိရသည်။
အနန့်ပါ ကိစ္စပြီးသည့်နောက်ပိုင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများသည် ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြကြောင်း၊ ယခုတပတ်အတွင်း စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သည် လမ်းမများပေါ်တွင် စစ်ဆေးရေးများလုပ်ပြီး မေးသမျှ မဖြေနိုင်ပါက ကားသိမ်း၊ ဆိုင်ကယ်သိမ်း၊ ဖုန်းသိမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အနန့်ပါကိစ္စပြီးလည်း ဖားကန့်စကစတွေက သွားချင်သလိုသွား လာချင်သလိုလာနေပြီး ပြည်သူတွေရဲ့စီးပွားဥစ္စာကိုလုယူနေတုန်းပါပဲဗျ၊ အဲ့တာကို PDF ကလေးတွေက တိုက်ချင်တယ် KIA က စီးပွားရှာကောင်းနေတုန်းပဲ၊ ဒီမှာမတိုက်ရလို့ တစ်ချို့က စစ်ကိုင်းဘက်သွားမယ် ဆန္ဒပြုကြတာ ဒီမှာသာတိုက်ရင် ဘယ်သူမှ တခြားမသွားကြဘူး ဒီမှာက နယ်ပိုကျွမ်းတယ်လေ” ဟု ဒေသခံပြည်သူတဦးက ဖားကန့်အခြေအနေနှင့်ပတ်သက်ပြီး Red News Agencyကို ပြောသည်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်- KIA တပ်မဟာ(၉) တပ်ရင်း(၆) နယ်မြေဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် ဖားကန့်ပြည်သူများ လမ်းမထက် ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရသူများရှိကြောင်း၊ ခုခံစစ်ကြေညာပြီးနောက် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မည့် ပြည်သူများ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ပြုလုပ်ခဲ့ကြသည်။
 
#RedNewsAgency
By Editor