ပြည်ထောင်စုဝန်ကြီးချုပ်

၂၀၂၅ ခုနှစ်သည် NUGအတွက် ပြုပြင်ပြောင်းလဲရေး စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော

၂၀၂၅ ခုနှစ်သည် NUGအတွက် ပြုပြင်ပြောင်းလဲရေး စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော

RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။ ၂၀၂၅ ခုနှစ်သည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်သည်ဟု ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။ "အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ - ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ (more…)
Read More
NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော အဖွဲ့အား သွားရောက်တွေ့ဆုံ

NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော အဖွဲ့အား သွားရောက်တွေ့ဆုံ

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာကော်လံမှ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီး၊ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။ " ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့်…
Read More