မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ
 
RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။

နွေဦးတော်လှန်ရေးကာလတွင် မကွေးတိုင်းအတွင်းရှိ ပြည်သူများသည် စစ်အာဏာရှင်တော်လှန်ရေးတွင် အင်တိုက်အားတိုက်ပါဝင်ခဲ့ကြပြီး၊ ခုခံစစ်တွင်လည်း ပြည်သူများ ပါဝင်ခဲ့ကြသော်လည်း တိုက်ပွဲပြင်းထန်သည့် မြို့နယ်များမှာ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါ၊ သရက်၊ ကံမ၊ ပွင့်ဖြူ၊ စလင်း စသည့် မြို့နယ်များဖြစ်သည်။
 
#RedNewsAgency
By Editor