ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတက်ရောက်လာသည့် NUG ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ​အ​နေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ​ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေ​ကြောင်း၊ ​အောင်မြင်သင့်သ​လောက် ​အောင်မြင်​နေပြီဖြစ်​ကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အား​ကောင်း​မောင်းသန်​တော်လှန်တိုက်ထုတ်​နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်​တော့မည်ဖြစ်​ကြောင်း စသဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ” NUG ​ခေါင်း​ဆောင်များဟာ ​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ​မြေပြင်မှာ တသားတည်းရှိ​နေ​ကြောင်း၊စစ်​မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်ရန် စစ်​ဒေသကြီးများအလိုက် ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားမဟာမိတ်​တော်လှန်​ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ​ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်​နေကြပါ​ကြောင်း၊ ​တော်လှန်​ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်​နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှု​ကြောင့် မကြာမီ ​တော်လှန်​ရေး​အောင်ပွဲအသီးအပွင့်များကို ခံစားကြရ​တော့မှာဖြစ်​ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ​ဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း​ရေးနှင့် အကြမ်းဖက်စစ်​​ကောင်စီကို အမြစ်ပြတ်​ချေမှုန်းနိုင်​ရေး ယခုကြိုးစားအားထုတ်​နေမှုထက် ပိုမိုအားစိုက်ထုတ်​ပေးကြဖို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်” ဟု NUG က ထုတ်ပြန်ထားသည်။
ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့ လက်နက်များ​ပေးအပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်တိတိကို ပေးအပ်ခဲ့​ခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယနေ့ကျင်းပသည့် ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီ းစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
By Editor