Yangon UG

ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်

ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးခဲ့သည့် Freelance Attack Force - FLA ရဲဘော် ချောကလက် (ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း FLAက ယနေ့ ထုတ်ပြန်ထားသည်။ "အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force - FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေ‌တောင်စားသောက်ဆိုင် အသိုက် အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန် ကြေညာလိုက်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More