ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

Written by

in

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ (ဧပြီလ(၁၇)ရက်) နံနက်ပိုင်းက BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင် များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က မိန့်ခွန်းပြောကြားခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်မားလာသည့်နှင့်အမျှ တပ်တော်၏ ရဲဘော်အများစုသည် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် ယနေ့အခမ်းအနားသို့ မတက်ရောက်နိုင်ကြဘဲ အပတ်စဥ်(၆) သင်တန်းဆင်း ရဲဘော်များနှင့် အပတ်စဥ်(၇) စုဆောင်းရေး သင်တန်းသားများသာအဓိက တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #RNA #RedNews