ဒေါက်တာဇော်ဝေစိုး

NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

Red News / Fact Check အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြေအောက်ဆေးရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများသည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားသည့်အကြောင်းအရာ၊ တော်လှန်ရေးအင်အားစုများ သိက္ခာကျစေမည့်အကြောင်းအရာ၊ ငွေကြေးအလွဲသုံးစား လုပ်ဆောင်နေသည် စသည့်အကြောင်းအရာတို့ဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် အင်တိုက် အားတိုက်ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရသည်။ စစ်ကောင်စီလော်ဘီ ဝါဒဖြန့်မှု --------------------------- မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီများဖြစ်သော အကုန်သိချန်နယ်နှင့် မှိုင်းဝေချန်နယ်တို့မှစတင်ကာ အလှူခံထားသောငွေနှင့် ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချိထားမှုကို တွေ့ရှိရသည်။ ၎င်းတို့ တင်ထားသောပို့စ်ကို တစ်နေ့တည်းမှာပင် စစ်ကောင်စီလော်ဘီ ချန်နယ် (၁၇) ခုကနေ ထပ်မံဖြန့်ချိခဲ့ကြပါတယ်။ ဇွန်လ…
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

RNA_ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေး နောက်တဆင့် တက်တော့မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြား လိုက်သည်။ ပြည်သူမှာ ပြည်သူရှိနေသဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြန့်ဖြူးပေးကြရန်နှင့် ဆေးကုမ္ပဏီ များ၊ ဆေးရုံ ဆေးခန်းများ၊ အလှူရှင်များ၊ ဆေးပညာရှင်များ၊ တော်လှန်ရေး ဆေးတပ်ဖွဲ့အတွက် လျှို့ဝှက် စွာပါဝင်ကြရန်၊ လျှို့ဝှက်စွာလှူဒါန်းကြရန် တိုက်တွန်းထားသည်။ Red News Agency
Read More