BPLA သည်အပြောချည်းမဟုတ် အလုပ်နှင့်သက်သေပြနေ

Written by

in

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် အပြောချည်းမဟုတ် အလုပ်နှင့် သက်သေပြန်နေသည်ဟု BPLA တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကွပ်ကဲရေးမှူးပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

“BPLA ကအပြောချည်းလည်းမဟုတ် အလုပ်နဲ့လည်း သက်သေပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခက်အခဲပေါင်းများစွာနဲ့ ကြိုးစားချီတက်ဆဲဖြစ်ပြီး အချိန်တခုအတွင်းမှာ လူထုက အမှန်တကယ် အားကိုးအားထားရတဲ့ တပ်တော်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) (၄) နှစ်ပြည့်အခမ်းအနားကို ၂၀၂၅ခုနှစ် ဧပြီလ(၁၇)ရက်နေ့တွင် BPLA ၏ စစ်ဒေသအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ BPLA အနေဖြင့် ယခုနှစ်မှာ အမှတ် (၃၀၈) အညာစစ်ဒေသကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး ဗမာအများစုနေထိုင်ရာ ဒေသများတွင် မဟာမိတ်များနှင့်လက်တွဲပြီး တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA