တပ်မှူး

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

RNA_မေ(၃၀)၊၂၀၂၅ခုနှစ်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် မေလ (၂၈) ရက်နေ့ တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသည့်အတွက် မိသားစု၊ တပ်ဖွဲ့ဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ ထုတ်ပြန်ထားသည်။ ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် အသက်ရှိစဥ်အတွင်း နွေဦးတော်လှန်ရေးမှ စတင်၍ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားမှုအပြည့်အဝဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း ရဲဘော်၏ အသက်ကို အဖိနှိပ်ခံပြည်သူလူထုအတွက် ပေးဆပ်ခဲ့ကြောင်း၊ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ရဲဘော်တစ်ဦးအနေဖြင့် လုပ်နိုင်သမျှကို ပြည့်စုံအောင်လုပ်ဆောင်ခဲ့သူဖြစ်သည့်အပြင် ခိုင်မာသော တော်လှန်ရေးခံယူချက်ကို စံနမူနာယူ၍ ရန်သူကိုခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More