IEC

ကရင်နီပြည် ကာကွယ်ရေးဌာန ဖွဲ့စည်း

ကရင်နီပြည် ကာကွယ်ရေးဌာန ဖွဲ့စည်း

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆) ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ (၂၉) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ကရင်နီပြည်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (Karenni Army-KA)နှင့် ဒေသတွင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းပြီး အကြမ်းဖက်စစ်ကြောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ ထုတ်ပြန်ချက်တွင် "ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့" ဟု သုံးနှုန်းခဲ့သည်ကို တွေ့ရှိရသည်။ (more…)
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More