Tag: IEC

  • ကရင်နီပြည် ကာကွယ်ရေးဌာန ဖွဲ့စည်း

    ကရင်နီပြည် ကာကွယ်ရေးဌာန ဖွဲ့စည်း

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆) ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ (၂၉) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

    ကရင်နီပြည်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (Karenni Army-KA)နှင့် ဒေသတွင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းပြီး အကြမ်းဖက်စစ်ကြောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ ထုတ်ပြန်ချက်တွင် “ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့” ဟု သုံးနှုန်းခဲ့သည်ကို တွေ့ရှိရသည်။

    (more…)

  • ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။

    (more…)