04
Jun
RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေး နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးများဆင်နွှဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော် (၈၀) ကျော်ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁,၀၀၀) ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင်…