Tag: အင်းစိန်အကျဉ်းထောင်

  • Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

    Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

    တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=lTZ9K3qHFiQ[/embedyt]

    #RedNewsAgency #RedNews #RNA

  • အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

    အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

    RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ခဲ့ပြီး အကျဉ်းသားတချို့ကို ပြီးခဲ့သည့်ညပိုင်းက ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    “ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဝန်ထမ်းတွေကို စာရင်းကောက်တာတွေလုပ်တယ်၊ ရွေးကောက်ပွဲအတွက်​ေ ပြင်ဆင်နေတာပေါ့၊ တနေ့က ပြည်ထဲရေးဝန်ကြီး လာသွားတယ်၊ မနေ့ညကတော့ အကျဉ်းသားတချို့ကိုထောင်ပြောင်းတယ်” ဟု အင်းစိန်အကျဉ်းဦးစီဌာနနှင့် နီးစပ်သူ တစ်ဦးက Red News Agency ကို်ပြောသည်။
     
    အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် မဲစာရင်းများကို ပြုစုနေကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုများက လက်မခံကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများမပူးပေါင်းကြရန် တိုက်တွန်းထားကြပြီး လုံခြုံရေးအပြည့်ဖြင့် မဲစာရင်းကောက်သည့်အဖွဲ့တချို့ တိုက်ခိုက်ခံရမှုများရှိကြောင်း သိရသည်။
     
    Red News Agency

  • အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။

    ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။

    ” ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ” ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။

    မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံထားရသူများထဲမှ (၅) ဦးသည် ထောင်အုတ်နံရံကျော်ကာ စက်တင်ဘာလ (၁၀) ရက်နေ့က လွတ်မြောက်သွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက နံရံပေါ်မှ သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    RNA_ဩဂုတ်၇၊၂၀၂၂ခုနှစ်။

    ယနေ့ညနေပိုင်းမှစတင်ပြီး အင်းစိန်အကျဉ်းထောင်တွင် ရဲအင်အားလုံခြုံရေးများ သာမန်ထက်ပိုများများချထားပြီး အင်တာနက် Wifi များ ဖြတ်တောက်ထားကြောင်း သိရသည်။

    (more…)

  • HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ထွက်လာသည့်အမျိုးသမီးထောင်မှူး ဝန်ထမ်းရေးရာက စစ်ဆေးနေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးနှင့် ချစ်ကြိုက်နေသည့် အင်းစိန်ကျဉ်းထောင်က အမျိုးသမီး ထောင်မှူးမနန္ဒာ (အမည်လွှဲ) လူမှုကွန်ယက်မှာ HDထွက်လာသည့်အတွက် ဌာနထိခိုက်သည်ဟုဆိုကာ အကျဉ်းဦးစီးဌာ ဝန်ထမ်းရေးရာက စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်အကျဉ်းထောင် ဝန်ထမ်းရေးရာက HD ထွက်လာသည့်အခါ ဌာနဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပြီးခဲ့သည့် (၇) ရက်အတွင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ( ဟိုတယ်တခုရင် အတူနေခဲ့သည့်ရုပ်သံ) တခုကို လူမှုကွန်ယက်တွင် ယခင်ချစ်ကြိုက်ခဲ့သူ (ရည်းစားဟောင်း) က ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လက်ရှိ စစ်ကောင်စီတပ်က ဗိုလ်ကြီးနှင့် ချစ်ကြိုက်နေသည်ကို မကျေနပ်သည့်အတွက် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ရုပ်သံကိုဖြန့်ခဲ့ခြင်းဖြစ်ကြောင်း၊အမျိုးသမီး ထောင်းမှူး မနန္ဒာသည် အင်းစိန်အကျဉ်းထောင် အမျိုးသမီး အချုပ်‌ဆောင်မှာ တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

    Red News Agency