သံပုံးတီးကမ်ပိန်း

ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု (၂) နှစ်ပြည့်ပြီ RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နောက်တရက်နေ့တွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ယနေ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ္ဘာကျော် သံပုံတီး လှုပ်ရှားမှု (၂)နှစ်ပြည့်နေ့ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ပါအဝင် မြို့နယ်တချို့ကို စစ်အာဏာသိမ်းမှုကိုလက်မခံသည့် သံပုံးတီး လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။ Red News Agency
Read More
ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည်…
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။ Red News Agency
Read More