Tag: လူငယ်ထိန်းသိမ်းရေးစခန်း

  • CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=H0YXmcUJ_tg[/embedyt]

    တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။

    Red News Agency

  • ၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

    ၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

    RNA_ဩဂုတ်(၃၁)၊၂၀၂၄ခုနှစ်။
     
    မြဝတီစစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုများ၊ လူငယ်ထိန်းသိမ်းရေးစခန်းအတွင်း မိမိကိုယ်မိမိ သတ်သေဖို့အထိ ကြံစည်ခဲ့မိသည့်ဖြစ်ရပ်များကို မအိစန္ဒာကျော်က ပြောပြထားပါတယ်။
    [embedyt] https://www.youtube.com/watch?v=XJxjoYp7RXo[/embedyt]
     
    စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သော မအိစန္ဒာကျော်ကို ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က မြဝတီမြို့၌ ဖမ်းဆီးခံရစဉ် အသက် ၁၆ နှစ်ကျော်လေးသာ ရှိသေးသည့်အတွက် ကလေးထောင်ဟု အများခေါ်ဝေါ်သည့် တွံတေးမြို့နယ်အတွင်းက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပုဒ်မ ၅၀ (ဈ)ဖြင့် အသက် ၂၀ အထိ နေခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာတဲ့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါပြီ ဖြစ်ပါတယ်။
     
    #RedNewsAgency #RNA