တွံတေးမြို့နယ်

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။ တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။ Red News Agency
Read More