ဒဂုံမြို့သစ် ( တောင်ပိုင်း)

နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ၄၀ ကျော်ရှိနေတဲ့ တောင်ဒဂုံက အုပ်ချုပ်ရေးမှူးကို ဘယ်လိုတွေလက်ခံနေလဲ

တောင်ဒဂုံ ခံတပ်တွေဟာ ပြိုကြသွားတယ်၊ သူရဲကောင်းတွေ ကျဆုံးသွားတယ်၊ အာဏာရှင်လက်အောက် ပြားပြားဝပ်လိုသူတွေရှိနေတယ်၊ အဲသလိုရပ်ကွက် ကျေးရွာတွေများနေရင် ဒီနွေဦးတော်လှန်ရေး အောင်နိုင်ရေးမှာ အဟန့်အတားတွေတော့ ဖြစ်နေမှာ အသေအချာပါ သစ္စာနိုင် ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံဟာ ကမ္ဘာကျော်ခဲ့ပြီ၊ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကြားမှာ လူးလှိမ့်နေအောင်ခံ ခဲ့ရတယ်၊ ပြည်သူတွေက ရတဲ့နည်းနဲ့ တော်လှန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ရက်စက်သူတို့ရဲ့ နည်းအတိုင်း ပြည်သူတွေကို ပစ်သတ်လိုက်ကြလို့ ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရတယ်။ ပြည်သူတွေရင်ထဲတော့ နာလို့မဆုံးတဲ့ ဖြစ်ရပ်ကြီး၊ တစ်နိုင်ငံလုံးတော့ ရင်ထုမနာ ငိုကြွေးခဲ့ရတယ်။ ရက်ပေါင်း ၆၀ ကျော် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခုချိန်ထိ ပြည်သူတွေပေါ်မှာ အာဏာသက်ရောက်မှုမရှိသေးပါဘူး။ သို့သော် အာဏာရှင်တွေက ပြည်သူတွေလက်ခံလာဖို့အတွက်…
Read More