Tag: CDMဆရာဝန်

  • ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု

    ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်း၌ ဆေးကုသနေစဉ် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက လေကြောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးသွားခဲ့ရသော ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုသည်ဟု NUG ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။

    ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့သည်၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်သည်။

    (more…)

  • စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

    စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။
    #RedNewsAgency #REDNEWS #RNA
  • “ချန်ဂင်တို့စခန်း (၁၃)”

    “ချန်ဂင်တို့စခန်း (၁၃)”

    “ငါမှ အုပ်ချုပ်လို့မရရင် နင်တို့တိုင်းပြည် မီးလောင်ပြင်ထဲ နေခဲ့ကြ။” ဆိုတဲ့ စိတ်ယုတ်မာမျိုး။ ၃၁ ဘုံမှာ သူ့ထက်ယုတ်မာတဲ့ သတ္တဝါ အသင်းအပင်း အဖွဲ့အစည်း ဘယ်တုန်းကမှ မရှိဖူးဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ မရှိတော့အောင်ကို မျိုးဖြုတ်ပစ်ရမှာ။

    ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

    ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။ ကြည်တော့ကြည်ပါသေးတယ်။ ညနေစောင်းရင် ချောင်းထဲမှာ ရေချိုးတဲ့သူတွေ စည်တာပေါ့။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကဆိုရင် ချောင်းထဲကရေက ရေခဲရေထက်ပိုအေးလို့ ကြာကြာမစိမ်နိုင်ကြဘူး။ အစကတော့ မြွေဆိပ်ဖြေဆေးတွေ ရေခဲသေတ္တာနဲ့ထားရတဲ့ ထိုးဆေးတွေကို ဗူးကလေးနဲ့ အလုံပိတ်ပြီး စမ်းချောင်းထဲမှာ သွားစိမ်ထားမလို့ စဉ်းစားနေတာ။ စိမ့်ပြီးကျဉ်နေအောင် အေးတာကိုး။

    ဒီစမ်းရေကလေးကိုပဲ အားကိုးနေရတာပါလေ။ အခုတော့ ရာသီဥတုပူလို့ လူတစ်ယောက်ချင်း ရေအသုံးများလာတာရော၊ ဆေးရုံတက်လူနာတွေ များလာတာကြောင့်ရော၊ ချောင်းရေတွေက ခဏခဏတင်နေရတာပေါ့။ စကော့တလန်မှာ စမ်းချောင်းကလေးတွေက ရေကို ဝီစကီချက်ပြီးရောင်းရင် တကမ္ဘာလုံးက အလုအယက် တန်ဖိုးထားပြီး ဝယ်သောက်ကြသလိုမျိုး ကိုယ်တို့စခန်းက စမ်းရေကလေးကိုလည်း ဂါထာမန္တန်တွေ မန်းကာမှုတ်ကာနဲ့ လူနာတွေကို ဆေးကုပေးလို့ရရင် ဘယ်လောက်ကောင်းမလဲကွယ်။ ဘယ်သူပြောနိုင်မလဲ။ စမ်းရေလေးကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဆရာဝန်လေး ဆရာမလေးတွေရဲ့ မေတ္တာစိတ်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ကိုယ်တို့ကုသမျှ လူနာတွေ အားလုံး သက်သာပျောက်ကင်းခဲ့ကြတယ်။ အဖိတ်အစင်တောင် မရှိဘူး။ တစ်ခုခုတော့ စွမ်းနေတာ ထင်ပါရဲ့။ “ချန်ဂင် ဆေးဘက်ဝင် သောက်ရေသန့်” ဆိုပြီး ရေစစ္စတြီလုပ်ထားရကောင်းနိုးနိုးနော်။ (more…)

  • “ချန်ဂင်တို့စခန်း (၁၂)”

    “ချန်ဂင်တို့စခန်း (၁၂)”

    ဒီကလေးတွေကို စိတ်အားငယ်မသွားအောင်၊ စိတ်ဓါတ်ကျမသွားအောင် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲမြံမြံ ရပ်တည်နိုင်ဖို့ နည်းပေးလမ်းပြချင်တဲ့ စေတနာနဲ့ ဒီစာကိုရေးပါတယ်။

    ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

    စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို ပြည့်ပြည့်စုံစုံနဲ့မှ ခရီးစမယ်ဆိုရင် ကိုယ့်မလည်း ခုချိန်ထိ ကမ်းစပ်မှာပဲ ရှိနေဦးမှာ သေချာတယ်။ မဖြစ်မနေ မရပ်မနား တစိုက်မတ်မတ် ကြိုးစားခဲ့လို့သာ ဒီခရီးထိပေါက်လာခဲ့တာ။

    အိပ်စရာနေရာ အိမ်သာ ရေမီး စီစဉ်လို့ပြီးတာနဲ့ စခန်းမှာရွှေ့နေပြီး လူနာလေးတွေ လက်ခံဆေးကုခဲ့တယ်။ လူနာတွေ ကျောခင်းဖို့ အမိုးအကာအောက်က ကုတင်ကလေးတွေ ပြီးတဲ့အခါ အတွင်းလူနာကလေးတွေ ဆေးရုံတင်ကုခဲ့တယ်။ မွေးလူနာတွေမွေးပေးစတုန်းက မွေးခုံတောင် မလုပ်ရသေးပါဘူး။ လူနာစမ်းတဲ့ကုတင်ပေါ်တင် ထုတ်တန်းက ကြိုးလေးတွဲလောင်းခို ညှစ်ခိုင်းပြီး ကလေးကောက်လာခဲ့တာ။ ဘာမဆို လုပ်ရင်းလုပ်ရင်း လိုအပ်သမျှ ပြည့်စုံအောင် စုဆောင်းရတယ်။ ဒီကလူတွေအားလုံး ဆေးကုလိုက်၊ ထမင်းချက်လိုက်၊ ထင်းခွေလိုက်၊ ရေခပ်လိုက်၊ ခွဲခန်းဆောက်ရာ ဝင်ပါလိုက်၊ တစက်ကလေးမှ မနားကြရပါဘူး။ (more…)

  • “ချန်ဂင်တို့စခန်း (၁၁)”

    “ချန်ဂင်တို့စခန်း (၁၁)”

    မြို့ပေါ်မှာ လူငယ်တွေကို အကြမ်းဖက် နှိပ်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့သမျှဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့အရပ်မှာ PDF တပ်သားသစ်တွေ အလုံးအရင်းနဲ့ တိုးပွါးလာစေတယ်။ စစ်သားစုဆောင်းရေးဘက်မှာသာ တစ်ယောက် သိန်း ၂၀ ပွဲခပေးပြီး ဝယ်ယူလို့မရတာ။

    ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

    ဇာတ်ရှိန်တွေတော့ တက်လာပါပြီ။ စောင့်မျှော်ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးရဲ့ စိတ်ပါဝင်စားမှုတွေကလည်း ထက်သန်လာပြီပေါ့။ ဘာတွေများဆက်ဖြစ်ဦးမလဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာပေါ့နော်။ ဒီမှာလည်း ပြောပြစရာတွေက တပုံကြီးပါပဲ။ ကိုယ့်အဖြစ်က realty show တစ်ခုကို live လွှင့်ထားမိသလို မျက်စိအောက်ပေါ်လာသမျှကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရေးသားနေတာ မဟုတ်လား။ ဒီအခန်းဆက်ကလေး တစ်ပါတ်လောက် ဆက်မရေးမိရင် အဆင်မှပြေရဲ့လား စိတ်ပူသူတွေ နည်းမှမနည်းတာ။ အဲ့ဒါကြောင့် ကိုကိုလေပါတီခမျာ အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုး ကွယ် ဆိုတဲ့အကြောင်း ပေတစ်ရာဆီလျှောက် မြင်သလောက်ပြပြနေရတာပေါ့။ “ကိုင်းအခု လုပ်စမ်းပါဦး။ ဘာတွေဆက်ဖြစ်သလဲ။ up date ကလေး၊ breaking news ကလေး။” ဆိုရင်တော့ ပြောရခက်ပါတယ်။ မပြောချင်လို့ အိုက်တင်ခံတာ မဟုတ်ပါဘူး။ ပြောသင့် မပြောသင့် အများကြီး ချင့်ချိန်နေရလို့ပါ။

    သိတဲ့အတိုင်းပဲလေ။ စစ်မြေပြင်အခြေပြု ဆေးရုံကလေးတစ်ခုမှာ ဇာတ်ရှိန်တွေတက်လာရင် စစ်ပွဲနဲ့ အရမ်းကို နီးစပ်လာလို့ပဲ ဖြစ်စရာရှိတာ မဟုတ်လား။ စစ်သတင်းဆိုတာ ကိုယ်ကသာ မျက်ခြေမပြတ် သိနေပြီး ရန်သူ့နားမပေါက်အောင် ခြေသံတိတ်နေမှ ကောင်းတာ။ဒါကြောင့်မို့ ဘာလေးပဲ ပြောချင်ပြောချင် လုံခြုရေးသတိ အမြဲရှိ ကိုယ့်ကိုယ်ကိုယ် သံပါတ်တင်းနေရတယ်။ ကိုယ့်တစ်ယောက်တည်းအတွက်ဆို အရေးလား။ ကိုယ့်ကိုယုံလို့ လက်တွဲအလုပ်လုပ်သူ တစ်ဖွဲ့လုံး ဘေးကင်းရန်ကွာ ရှိဖို့ကလည်း ကိုယ့်တာဝန်ပဲမို့လို့သာ။ “သူ ဖေ့စ်ဘုတ်ပေါ် တက်အာချောင်တာနဲ့ ငါတို့စခန်းလေး လာအသိမ်းခံရတယ်။” ဆိုတာမျိုး အဖြစ်မခံနိုင်။ အခုလို အခြေအနေရောက်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။ ကိုယ့်ဖာသာ အသိဆုံး။ စိတ်ကူးထဲကအတိုင်း လက်တွေ့ အကောင်အထည် ဖော်ထားတာ။ အတောင်စုံလို့ ပျံသန်းနိုင်ခါမှ လောက်လေးစာမိလို့ ဘယ်ဖြစ်မလဲ။ ဒီဆေးစခန်းကလေးဟာ တော်လှန်ရေးရဲ့ တစိတ်တပိုင်းလည်းဖြစ်တယ်။ အထိခိုက်မခံနိုင်ဘူး။ ရှေ့ဆက် အလုပ်လုပ်စရာတွေ အများကြီး။ (more…)

  • “ချန်ဂင်တို့စခန်း (၁၀)”

    “ချန်ဂင်တို့စခန်း (၁၀)”

    တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အများကြီးပဲ။ ဆက်လည်း ရှိနေဦးမှာ။ ဒီလူတွေ စတေးခဲ့ရတဲ့ အသက်တွေ ဘဝတွေအတွက် ဒီစစ်ပွဲကို မနိုင်နိုင်အောင် တိုက်ဖို့သာ ရှိတယ်။ ဟိုဘက်က ဦးနှောက်မရှိတဲ့ စစ်ခွေးတွေကို မှိုင်းတိုက်ထားသလို မယ်စုနန်းတက်ဖို့ ကလေးတွေကို သွေးထိုးလှည့်ဖြားနေတာ မဟုတ်ဘူး။ ကလေးတွေကို ကယ်တင်ဖို့ ကလေးတွေကိုယ်တိုင် စစ်တိုက်နေရတာ။

    ဒေါက်တာစိုးမင်း

    ရေးရင်းရေးရင်း အပိုင်း (၁၀) တောင် ရောက်လာပြီနော်။ ဒါတောင်မှ ခွဲခန်းကြီးက လက်စသတ်ရုံပဲ ရှိသေးတယ်။ စုရင်းဆောင်းရင်း စုံလာတာပဲ ရှိသေးတာ။ “ရယ်ဒီ ဝမ်းတူးသရီး အက်ရှင်” ဆိုပြီး ဓါးစွမ်းမပြနိုင်သေးဘူး။ ခွဲစရာလူနာတွေတော့ တန်းစီပြီး ရက်ချိန်းပေးထားပြီ။ ရက်ချိန်းပေးလို့ မရတဲ့လူနာတွေကျတော့ သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကို မဖြစ်မနေ ရှာရတာပေါ့။ ဘာလာလာ အကုန်လုံး ကိုယ်ချည့်ပဲလုပ်ချင်တဲ့ အရမ်းကုဆရာဝန်တော့ မဖြစ်ချင်ပါဘူး။ ကိုယ့်အတ္တကိုယ် အရောင်တင်ဖို့ လူနာအသက်ကိုတော့ အသုံးမချနိုင်။

    ဒီဘက်အရပ်မှာက ကိုယ်တိုင် စွန့်စွန့်စားစား ခွဲပလိုက်တာထက် သေသေချာချာ ခွဲပေးနိုင်မယ့်သူဆီကို ရောက်အောင်လွှဲပေးရတဲ့အလုပ်က ပိုပြီးခက်ပါတယ်။ ပိုလည်း စွန့်စားရတယ်။ “သွားလိုက်တော့နော်။ ငါ့လက်ကလွတ် ဗြွတ်။” လို့ လွှဲစာလေးတစ်စောင် ကောက်ရေးပေးလိုက်ရင် ကိုယ့်အရေးကုန်ပြီလို့ သဘောမထားပဲ အဲ့ဒီလူနာ ချောချောမောမော ရောက်ဖို့အထိ ကိုယ်က လိုက်ပူနေရတာကိုး။ ပို့မယ့်ကလေးက PDF။ ရခဲ့တာက သေနတ်ဒဏ်ရာ။ ကျည်ဆံကဗိုက်ထဲတင်ရှိသေးတယ်။ အပြင်ထွက်မလာသေးဘူး။ ကိုယ့်ဆီလာရင်း တစ်ရက်ကြာခဲ့တယ်။ စမ်းသပ် ဆုံးဖြတ် စီစဉ်ချိတ်ဆက်ရင်း ကိုယ့်ဆီမှာ တစ်ညထပ်အိပ်ရတယ်။ ဂိတ်တွေက ညဘက်ပေးမမောင်းဘူး။ နောက်တစ်နေ့ လွှဲတဲ့ဆီရောက်အောင် တစ်ရက်ထပ်သွားရဦးမှာ။ လမ်းမှာ စစ်တပ်ဂိတ်တွေ အဆင့်ဆင့်။ မှတ်ပုံတင်မြင်တာနဲ့ ဒီအရပ်ကနံပါတ်ဆို ပုံစံထိုင်ခိုင်းတဲ့ ဓလေ့နဲ့။ အရွယ်ကလည်း မောင်ပဉ္ဇင်းအရွယ်။ အောင်မယ်လေး။ လွယ်သလားခက်သလား ရာမရယ်။ ပြောစမ်းပါ။ လွယ်သလား ခက်သလား။ (more…)

  • “ချန်ဂင်တို့စခန်း “(၉)

    “ချန်ဂင်တို့စခန်း “(၉)

    ” ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့ “

    ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား)

    “ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို ကိုယ်တွေထက်ပိုပြီး မြန်မြန်ရောက်ချင်တဲ့သူ ရှိပါဦးမလား။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မဟုတ်ဘူး။ မနေ့ကတည်းကကို ရောက်နှင့်နေချင်သူ။ ဘာအကြောင်းကြောင့်ပဲ နှောင့်နှေးသည်ဖြစ်စေ၊ ကိုယ့်အတွက်တော့ ခရီးမဖင့်စေချင်လို့ နေ့စဉ်နေ့တိုင်း မိုးလင်းကမိုးချုပ် အလုက်နဲ့လက်နဲ့ မပြတ်အောင် လှုပ်ရှားနေတာပါပဲ။ ထိုင်ငိုင်ငေးငူနေတယ်လို့ကို မရှိတာ။ အရောက်နှေးချင်နှေးလိမ့်မယ်။ ရပ်တော့မနေဘူး။ တစ်နေ့ကို တစ်လံပဲရွေ့ရွေ့ ရွှေ့မှာ။

    (more…)

  • “ချန်ဂင်တို့စခန်း “(၈)

    “ချန်ဂင်တို့စခန်း “(၈)

    ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို

    ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)

    ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲပြေးပုန်းရရင် အိပ်ပျက်တယ်။ ချမ်းကလည်းချမ်းသနဲ့။ ကြာတော့လည်း ရိုးသွားပြီလေ။ သေစရာရှိ အစောကြီးကတည်းက သေနှင့်မှာပဲဟာ။ သေကံမရောက်သ၍ အသက်မပျောက်ဘူး။ ကိုယ့်မှာ အသက်အပိုမပါပေမယ့်လည်း ခုချိန်ထိအောင်တော့ ဂိမ်းအိုဗာ ဖြစ်မသွားသေးဘူး။ သေဖို့ကိစ္စဆိုတာ သူတို့လက်အောက် သက်ဆိုးရှည်ရတာလောက် အဖြစ်မဆိုးဘူး။ ကြောက်စရာမကောင်းဘူး။ တော်လှန်ရေးအတွင်းမှာ အသက်နဲ့ရင်းပြီး စွန့်စားသူမှန်သမျှ အဲ့သလို သဘောပေါက်ထားပြီးသား။ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဇာတ်လမ်းကလည်း အတော်ကြီး ကိုရီးယားဆန်ပါပေတယ်။ ဒါကြောင့်မို့ ဓါတ်သက်ပါပြီး ချန်ဂင်တို့စခန်း မှည့်မိတာ ထင်ပါရဲ့။

    ဇာတ်လမ်းရဲ့အစ နန်းတွင်းကိုလုပ်ကြံသူတွေ ဝင်စီးတဲ့အခန်းဆို ကိုယ်ကိုယ်တိုင် ပြန်တွေးကြည့်ရင်တောင် အသည်းတုန်အူတုန် ရှိလှတယ် မဟုတ်လား။ မီးတွေဖြတ်၊ မှောင်အတိကျ၊ ဖုန်းလိုင်းတွေမရ၊ အင်တာနက်တွေပါဖြတ်။ လောကကြီးတစ်ခုလုံး ဘာတွေဖြစ်ကုန်ပါလိမ့်လို့ သိချင်စိတ်တွေ ပြင်းပြနေဆဲမှာ စစ်ကားတွေက မြို့ထဲလှည့်။ တီဗီလိုင်းတွေတစ်ခုမှမလာပဲ မြဝတီတစ်ခုတည်းက စစ်ချီတေးတွေ အဆက်မပြတ်လွှင့်နေ။ “ငါ အိပ်ပျော်နေတုန်း အိပ်မက်ဆိုးတွေ မက်နေတာလား။” လို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်တဲ့ အထိပါပဲ။

    ဒါ အိပ်မက် မဟုတ်ဘူး။ လက်တွေ့ကို ငရဲကျတာ ဆိုတာကိုတော့ ဖုန်းလိုင်းတွေ ခနပြန်ပွင့်တဲ့အချိန်မှာ ကိုယ့်ဆီကို စိတ်ပူလို့ ဖုန်းဆက်ကြတဲ့သူတွေဆီက သိရပါတယ်။ “လုံခြုံရဲ့လား။ ဘေးကင်းရဲ့လား။”“ပန်ဆယ်လို အရည်ကြို မောင်မောင်အေးတို့တောင်ဖမ်းသွားပြီ။ ဒီတခါဆွဲစိတာ ဆယ်လီတွေပါပါတယ်။ လစ်တော့ လစ်တော့။” နဲ့ တိမ်းဖို့ရှောင်ဖို့ သတိပေးတာပါ။ ဘယ်တတ်နိုင်မလဲ။ ဖမ်းချင်လည်း လာဖမ်းလှည့်ပေါ့။ ကိုယ့်ကိုဖမ်းချင်ရင် PPE လေးတော့ ဝတ်ခဲ့မှရမယ်။ ကိုယ်နေတာ ကိုဗစ်လူနာဆောင်ထဲမှာလေ။ ဘယ်မှလိုက်ရှာစရာမလိုဘူး။ အပြင်လည်း လျှောက်သွားလို့မရဘူး။ ဧရာဝတီစင်တာမှာ မရှိရင် YGH က ကိုဗစ်ခွဲစိတ်ဆောင်မှာ ရှိတယ်။ ကိုဗစ်ဖြစ်ကတည်းက အိမ်တောင်ပြန်လို့မရ။ နေ့ရောညရော မော်နီတာတွေကြည့်လိုက် မှန်ခန်းထဲကအော်လိုက်နဲ့ နေတာ။ ဒါကြောင့်မို့ သူတို့ ကိုယ့်ကို ရှာမရတာ နေပါလိမ့်မယ်။ (more…)

  • “ချန်ဂင်တို့စခန်း ” (၇)

    “ချန်ဂင်တို့စခန်း ” (၇)

    မြို့ပေါ်မှာ လက်နက်မရှိတဲ့ အရပ်သားတွေအပေါ် တရားဥပဒေမဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နေတဲ့သတင်းတွေကြောင့် တောထဲကလူတွေကတောင် မြို့ပေါ်ကို ပြန်ပူနေရသေး။ လက်နက်ရှိတဲ့သူအချင်းချင်းဆို ထိုင်ရှိခိုးမတတ် ကြောက်အားပိုသလောက် အရပ်သားပြည်သူကျတော့ အသက်ကိုဖက်ရွက်လောက်တောင် ပမာမထား နိုင်စားနေပုံ၊ အခြေအနေနှစ်ရပ်စလုံးကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတဲ့အခါမှာ ကိုယ်တို့အတွက် လွတ်မြောက်ရေးလမ်းစဉ်ဆိုတာ လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ တခြားမရှိဘူးလို့ ဘဝပေးအသိအဖြစ် နားလည်လာရပါတယ်။

    ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား)

    ၂.၂.၂၀၂၂ မှာ ဘာတွေ ထူးခြားသလဲ မေးရင် မွေးလူနာ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပြိုင်အဆိုင် ဗိုက်နာလို့ ဂိုးဖမ်းပြိုင်ပွဲကြီး ကျင်းပရတာပါပဲ။ မထင်မိဘူးလေ။ တောထဲတောင်ထဲလာပြီး ဗိုက်ချင်းပြိုင်နာလိမ့်မယ်လို့။ မွေးခန်းလည်း ၂ နေရာပြင်ရတယ်။ ပစ္စည်းကိရိယာတွေလည်း ၂ စုံစာ ပြင်ရတယ်။ ဆရာဝန် ဆရာမတွေလည်း ဟိုဘက်ပြေး သည်ဘက်ပြေးပေါ့။ ဖြူဖြူထွားထွား သမီးဦးလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ မွေးတာ။

    ဒီနေ့မှပဲ လူနာတွေကလည်း စည်လိုက်တာလေ။ မနိုင်လို့ လွှဲရတာချည့် နှစ်ယောက်ရှိတယ်။ လမ်းလေးပွင့်တုန်း သွားကြပါနော်။ ဟိုရောက်တဲ့အခါ အဆင်ပြေဖို့လည်း အများကြီး ဆုတောင်းပေးလိုက်ပါတယ်။ အဖွားက ပေါင်ထိပ်ကျိုးတာ၊ ဦးလေးကြီးက ဆိုင်ကယ်ပေါ်က ကျွမ်းပစ်ပြီး ဂယောင်ခြောက်ခြား နားထဲကသွေးထွက်နေတာ။ ဓါတ်မှန်မရှိတော့ အထင်နဲ့ပဲ မှန်းကုရတယ်။ အပ်နဲ့ထွင်းရမလား ပုဆိန်နဲ့ထွင်းရမလား မသဲကွဲသေးဘူး။

    ဒီလိုအခါကျတော့လည်း ငါတို့ နန်းတွေဆီပဲ ပြန်အားကိုးရတာ မဟုတ်လား လို့ စကားနာထိုးပြီး ကိုယ့်ဆီကိုပုတ်ခတ်ဆဲရေးတာက ကိစ္စမရှိပါဘူး။ လူနာကို ငေါက်ငမ်းဆူဆောင့်ပြီး ဟိုပုတ်သည်ပုတ်နဲ့ ရွာလည်ပြီး ဒီအတိုင်းပြန်ရောက်လာမှာသာ စိုးရိမ်တာပါ။ “နင် သိပ်တတ်နေတယ် မှလား။ နင့်ဘာသာကုလေ။” ဆိုတာမျိုးပေါ့။ လူတကာကို သွေးခွဲရန်တိုက်တဲ့ စစ်သားကြီးတွေရဲ့ ဗျူဟာကြောင့် ကိုယ်တို့ဆေးလောကမှာလည်း ပဲဆီ နဲ့ နှမ်းဆီ ရောလို့ မရဘူး ဖြစ်ကုန်ပြီဗျ။ သူတို့ဘက်မှာက လူမရှိဘူး။ ကိုယ်တို့ဘက်မှာက ပစ္စည်းကိရိယာ မရှိဘူး။ ဓါတ်မှန်မရိုက်ပဲ ဘယ်နားကအရိုး ကျိုးမှန်း သိပေမယ့်လည်း တရုတ်ဆရာ ဆေးစည်းသလို ဆေးမြစ်စုံတွေ အုံလွှတ်လိုက်လို့ မဖြစ်သေးဘူး မဟုတ်လား။ (more…)

  • ချန်ဂင်တို့စခန်း (၆)

    ချန်ဂင်တို့စခန်း (၆)

    ” ဒီခရီး ဒီလမ်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လာခဲ့ရသလိုပဲ ဒီစခန်းကိုရောက်ဖို့ ကိုယ့်ဘက်က ထားခဲ့ရတာတွေလည်း အများကြီးပါ။ သွားတစ်ချောင်း ဆွဲနှုတ်ပစ်လိုက်ဖို့၊ ကလေးတစ်ယောက် အပြင်ကို ချောချောမောမော မွေးထုတ်ဖို့ နာကျင်မှုတွေ အများကြီး လှစ်လျူရှုရသလိုပါပဲ။ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့လမ်းအတွက် ကိုယ့်ဘက်က နာကျင်မှုတွေကို ဥပေက္ခာပြုခဲ့ရတာ ကိုယ်နဲ့ အနီးစပ်ဆုံး နေဖူးတဲ့သူတွေ နားလည်ကြပါတယ်။ ခေတ္တခဏရယ်လို့ ခွဲခွါခဲ့ရတာတွေဟာ တစ်သက်တာ ထာဝရလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ ကိုယ် သဘောပေါက်ထားပြီးသားပါ” 

    ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)

    စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ အစုလိုက်အပြုံလိုက် ရောက်မလာသေးတာ သူငယ်မကုသိုလ် ငါ့ကုသိုလ်လို့ ပြောရမှာပါပဲ။ ရပ်သူရွာသားတွေအပေါ်မှာ ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ လို့ ပြောချင်လည်းပြော။ နံနက်လင်းတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ကလေးတွေနဲ့သွားပြီး သီလဆောက်တည်ရတဲ့အတွက် ရတနာ ၃ ပါးဂုဏ်နဲ့ လုံခြုံတာလို့ပဲပြောပြော။ ကိုယ်ယုံကြည်ရာကို လက်ခံလို့ရပါတယ်။

    အနည်းဆုံးတော့ ကိုယ့်ဆီက ဘုန်းကြီးတွေဟာ စစ်တပ်ကို သတင်းပေးပြီး ပျူစောထီးတွေ မမွေးဘူးပေါ့။ ရွာထဲမှာ ဖွတ်လေးငါးကောင် ရှိသော်ငြားလည်း မြို့တက်ပြီးထောက်ခံပွဲလုပ်တာကလွဲလို့ ရွာမှာ အသံတောင် မထွက်ဝံ့ဘူး။ ဒီအရပ်မှာမှ မဟုတ်ပါဘူး။ ဘယ်အရပ်မှာဖြစ်ဖြစ် စစ်တပ်နဲ့ထွေအုပ်က ဖွတ်မွေးမြူရေးလုပ်မှသာ စားကာဝါးကာ ဆူဆူဖြိုးဖြိုး အသားတိုးဖွတ်တွေ တွေ့ရမှာပါ။ သူတို့လောကမှာ ယုံကြည်ချက်ဆိုတာ မရှိဘူး။ စားခွက်ပဲ ရှိတယ်။ မှတ်မှတ်ရရ ကိုဗစ်စင်တာတုန်းက ဗိုက်နာလို့လာပြတဲ့လူနာတစ်ယောက်ဆို မြင်မြင်ချင်းမှာပဲ “အဲ့ဒီလူ ဆေးသမားဖြစ်မယ်။ သေသေချာချာမေး။” လို့ လက်ထောက်ဆရာဝန်လေးကို မှာလိုက်မိတယ်။ မှန်လိုက်တာ ဆရာရယ်လို့တော့ မအံဩပါနဲ့။ အဲ့ဒါ ဘာဖြစ်လို့လဲ သိလား။ သူက နာနာတို့အသင်းကြီးရဲ့တံဆိပ်ပါတဲ့ တီရှပ်ကို ဝတ်ထားလို့ပေါ့။ ဒါကြီးဝတ်ပြီးတစ်ယောက်တည်း ရွာရိုးကိုးပေါက် လျှောက်သွားရဲတာ ဒီလူတွေပဲရှိတယ်။ အဲ့ဒါကြောင့် ဒီအရပ်ကို စစ်ခွေးကင်းစင် ပြုံးပျော်ရွှင်လို့ ပြောတော့ စစ်ခွေးမယားတွေက ထွန့်ထွန့်လူး လာမန့်တာ။ (more…)