မှော်ဘီတိုက်နယ်

မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးဆိုသည့် ရန်ကုန်တိုင်း၊ မှော်ဘီတပ်နယ်ရှိ တပ်ရင်းတချို့ကို ရခိုင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း မှော်ဘီတပ်နယ်ရှိ တပ်မိသားစုတချို့ထံမှ သိရသည်။ မင်းအောင်လှိုင်၏ ခရီးစဥ်တော်တော်များများကို လုံခြုံရေးယူပေးခဲ့ရသည့် မှော်ဘီနှင့် တိုက်ကြီးမြို့နယ်ရှိ တပ်ရင်းများထဲမှ အင်အားဆွဲယူကာ ရခိုင်ပြည်နယ်သို့ စေလွှတ်မည့်သတင်းများ ပြန့်နှံ့နေသည်ဟု တပ်မိသားစုဝင်တဦးက ပြောသည်။ "တပ်တခုလုံးတော့ ပြောင်းရတာမဟုတ်ဘူး။ ဒီတပ်ရင်းက ၂၀၊ ၃၀ မျိုး ထုတ်ယူတာ။ ရခိုင်နဲ့ ပလက်ဝဘက်မှာ စစ်ဆင်ရေးဝင်ရမယ်တဲ့။ ရင်းမှူးတွေ တိုင်ပင်နေကြတယ်။ တပ်ချုပ်ရဲ့ လုံခြုံရေး လိုက်ပေးရတာလည်း ရှိနေသေးတော့။ သံချပ်ကာတပ်က အင်အားတွေပါ ယူမယ်ကြားတယ်" ဟု အဆိုပါတပ်မိသားစုဝင် အမျိုးသမီးတဦးက ပြောသည်။…
Read More