“မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ”
ကျော်ရဲစံ
ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။
ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက ထုတ်လုပ်လာနိုင်နေပါတယ်။ နည်းပညာပိုင်းနဲ့ ကုန်ကြမ်းပစ္စည်း ကွာခြားမှုအရ စစ်ကောင်စီတပ်နဲ့ လက်နက် အင်အားခြင်းကွာခြားနေသော်လည်း မြန်မာပြည်အနှံ့တွင် ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးနယ်မြေများထူထောင်လာနိုင်နေပါတယ်။
စိုးမိုးနယ်မြေဆိုတာဟာ မြို့ကို သိမ်းထားတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်တွေကို မြို့ကို ပို့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားခြင်းသာ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာသာ စစ်ကောင်စီတပ်သားတွေ လွတ်လပ်စွာသွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာကို မြင်တွေ့ရပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ နေ့စဉ်ရှင်သန်ရတဲ့ ဘဝ အားဆေးတစ်ခွက်လိုကိုဖြစ်နေပါပြီ။
(more…)